30 C
Yangon

KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကျေးရွာနှင့်စျေး၊ ကံဆီးကျေးရွာ တို့ကို စစ်တပ်က ဗုံးကျဲမှု KIA အရာရှိ ၂ ဦးသေဆုံး

Must read

KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကျေးရွာနှင့်စျေး၊ ကံဆီးကျေးရွာ တို့ကို စစ်တပ်က ဗုံးကျဲမှု KIA အရာရှိ ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကျေးရွာနှင့်စျေး၊ ကံဆီးကျေးရွာတို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် KIA အရာရှိ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီတပ်က KIA တပ်မဟာ နယ်မြေ ကို ဂျက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ဗုံးကျဲမှုကြောင့် KIA အရာရှိ ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

” စစ်တပ်ဘက်က ဂျက်လေယာဉ် ၂ စီးနဲ့ ၂ ခေါက် လာပြီးတော့ ဗုံး ၈ လုံး လာကြဲသွားတယ်။ လာကျဲနေတဲ့အချိန်မှာပဲ ကံဆီး စစ်တပ်ဗျူဟာကုန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ၉ ကြိမ် ပြန်ပစ်ခဲ့တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးများ ထိမှန်၍ KIA အရာရှိ ၂ ဦး ကျဆုံးသွားပြီး အခြား KIA အရာရှိ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ၊ ပြည်သူတချို့လည်း ဒဏ်ရာရရှိကြောင်း၊ KIA အရာရှိ ၂ ဦးကို အောက်တိုဘာလ ၁၇ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article