33 C
Yangon

မြိုင်ပဖက၏ ကျည် ၁၀၀၀၀ ပရောဂျက်တွင် ပြည်သူများ ပါဝင်ကူညီကြရန် နှိုးဆော်လိုက်ပြီး စစ်ကောင်စီတပ်များကို အရှိန်မြှင့်တိုက်ခိုက်ရန် ပြင်ဆင်နေ

Must read

မြိုင်ပဖက၏ ကျည် ၁၀၀၀၀ ပရောဂျက်တွင် ပြည်သူများ ပါဝင်ကူညီကြရန် နှိုးဆော်လိုက်ပြီး စစ်ကောင်စီတပ်များကို အရှိန်မြှင့်တိုက်ခိုက်ရန် ပြင်ဆင်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို တော်လှန်တိုက်ခိုက်နေသော မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)၏ ကျည် ၁၀၀၀၀ ပရောဂျက်တွင် ပြည်သူများပါဝင်ကြရန် မြိုင်ပဖကမှ တာဝန်ရှိသူတစ်ဦးက နှိုးဆော်တိုက်တွန်းသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်မရစေရန် တော်လှန်ရေးတပ်ဖွဲ့များက ခုခံတော်လှန်တိုက်ခိုက်နေပြီး မကြာခဏဆိုသလို မြိုပေါ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီတပ်များသည် မြိုပေါ်တွင်ပင် လွတ်လွတ်လပ်လပ်သွားလာခြင်းမရှိသလို မြို့အပြင်ကို စစ်ကြောင်းများဖြင့်သာ သွားလာရဲတော့ကြောင်း၊ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသော တော်လှန်ရေးအဖွဲ့များတွင် မြိုင်ပကဖသည် မြိုင်မြို့နယ်နှင့် အခြားမြို့နယ်များတွင် တော်လှန်ရေး မစ်ရှင်များ ဖော်ဆောင်နေကြောင်း သိရှိရသည်။

မြိုင် ပကဖသည် စက်တင်ဘာ ၁ ရက်မှ ယနေ့အထိ တိုက်ပွဲပေါင်း ၃၀ ကျော်ကို မဟာမိတ်များဖြင့်ပူးပေါင်းကာ မြိုင်နယ်နှင့်အခြားနယ်များတွင် ဖော်ဆောင်ခဲ့ပြီး မြိုင်ပကဖ အနေဖြင့် စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားရန် မြိုင် ပကဖ၏ ကျည် – ၁၀၀၀၀ Project ကို အောက်တိုဘာလ ၁၄ ရက်နေ့မှ နိုဝင် ဘာလ ကုန်အထိ စီစဉ်ထားကြောင်း၊ ပြည်သူများအနေဖြင့် ကျည်တစ်တောင့်လျှင် ၁၀၀၀၀ ပျမ်းမျှနှုန်းဖြင့် မြိုင် ပကဖ ၏NUG pay မှတဆင့်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article