29 C
Yangon

ချောင်းဦးတွင် ရိက္ခာပြတ်လပ်နေ၍ ငှက်ပျောပင် ထွက်ခုတ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ချောင်းဦးတွင် ရိက္ခာပြတ်လပ်နေ၍ ငှက်ပျောပင် ထွက်ခုတ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကင်မွန်းတော်ရွာမှ ရဲ ၂ ဦး ရိက္ခာပြတ်လပ်နေ၍ ငှက်ပျောပင် ထွက်ခုတ်စဥ် ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာမှ ရဲတပ်သား ထွန်းကျော်စွာနှင့် အောင်ဆန်းမြင့်တို့သည် ရိက္ခာ ပြတ်လပ်နေ၍ ငှက်ပျောခြံ အတွင်း ငှက်ပျောပင် သွားခုတ်စဥ် PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံးကာ G-3 သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းက ကင်မွန်းတော် ကျေးရွာက ရဲခွေး ၂ ကောင် ရိက္ခာ မရှိလို့ ငှက်ပျောခြံထဲမှာ ငှက်ပျောပင် သွားခုတ်နေတုန်း PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်လို့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ချောင်ဦးမြို့နယ်အတွင်းတွင် စစ်ကြောင်းဖြင့် စစ်တပ်နှင့်ရဲများက လာရောက်ရဲပြီး ပုံမှန်အားဖြင့် ပျူစောထီးကျေးရွာများ၊ စစ်တပ်လုံခြုံရေး ကင်းစခန်းများမှာ ရိက္ခာနှင့်စျေးဝယ် မထွက်ရဲကြကြောင်း၊ ချောင်းဦးမြို့နယ်၏ ကျေးရွာများအားလုံးနီးပါးကို PDF များက စိုးမိုးထားပြီး မြို့ပေါ် နေရာအနည်းငယ်တွင်သာ စစ်တပ်က အခြေစိုက်နိုင်တော့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်း၊ရေဖြူ မြို့နယ်တွင် ဇူလိုင်လအတွင်း ဖမ်းဆီးရရှိခဲ့သည့် ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး အဆိုပါ ရဲတပ်ကြပ်ကြီးသည် ဖမ်းဆီးထားစဉ် ခုခံ ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article