30 C
Yangon

ဗန်းမော်မြို့ထဲတွင် လုံခြုံရေး ယူထားသော စစ်ကောင်စီတပ်များအနီးရှိ အောင်သီရိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိဿာကျော်ပါသွား

Must read

ဗန်းမော်မြို့ထဲတွင် လုံခြုံရေး ယူထားသော စစ်ကောင်စီတပ်များအနီးရှိ အောင်သီရိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိဿာကျော်ပါသွား

ရန်ကုန်၊ အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲတွင် လုံခြုံရေး ယူထားသော စစ်ကောင်စီတပ်များအနီးရှိ အောင်သီရိ ရွှေဆိုင် ဓားပြတိုက်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲ၊ ဗန်းမော် ဆေးရုံကြီးအနီး ဦးကြီးထိန်နန်လမ်း၊ ညောင်ပင်ရပ်တွင် ဖွင့်လှစ်ထားသော အောင်သီရိ ရွှေဆိုင်ကို လူ အုပ်တစ်ခုက သေနတ်များဖြင့် ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း၊ ရွှေထည်နှင့်လက်ဝတ်ရတနာများ၊ ငွေများ အများအပြား ပါသွားပြီး လက်ရှိအချိန်အထိ တန်ဖိုးပမာဏာကို စိစစ်နေဆဲဖြစ်ကြောင်း၊ ရွှေချိန် ၁ ပိဿာကျော် ပါသွားပြီး ဓားပြတိုက်ချိန်တွင် စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသော ဂိတ်များ မလှမ်းမကမ်းတွင် ရှိနေကြောင်း သိရှိရသည်။

“ဆေးရုံကြီးထဲမှာလည်း သူတို့ စစ်တပ် အစောင့်ရှိတယ်။ ဒီဘက်ကရုံးတွေထဲမှာလည်း စစ်တပ် အစောင့်တွေရှိနေတယ်။ ပြီးတော့ ဗန်းမော်မြို့ထဲမှာ စစ်တပ်လုံခြု့ရေးတွေ မကြာခဏဆိုသလို လှည့်လည်နေတာ။ ဗန်းမော်မြို့ကိုတော့ စစ်တပ် က စီးမိထားတာ။ အဲဒါကို ဓားပြတိုက်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရွှေဆိုင် ဓားပြတိုက်ချိန်တွင် လမ်းသွားလမ်းလာတချို့လည်း ရှိနေပြီး စစ်တပ်က ချထားသည့် ဂိတ်များကို ဖြတ်သန်းသွားလာရကြောင်း၊ ဓားပြတိုက်သူများက ဆိုင်ကယ်များဖြင့် ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article