33 C
Yangon

တောင်တွင်းကြီးနှင့် မန္တလေးတွင် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး တို့ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ ဖြူးမြို့နယ်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

တောင်တွင်းကြီးနှင့် မန္တလေးတွင် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး တို့ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ ဖြူးမြို့နယ်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၀

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် ၂ တပ်ရင်း ထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆုံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ကုက္ကိုခွရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ လေနတ်ကျည် ၄ ချက် ထိမှန်ကာ သေဆုံးခဲ့​ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးသည် စစ်တပ်က ခန့်အပ်ထားသူဖြစ်ပြီး ရပ်ရွာ ပြည်သူများကို ဒုက္ခပေးခြင်း၊ စစ်သား၊ ရဲအရာရှိများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းရန် လုပ်ဆောင် နေခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်းနှင့် Magway Guerrilla Warfare ၊TDG Special Guerrilla Force (တောင်တွင်းကြီး အထူးပျောက်ကြားတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မဟာအောင်မြေမြိုနယ်၊ သံလျက်မှော်အနောက် ရပ်ကွက်ရှိ ရာအိမ်မှူး သန်းမင်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်၌ သံလျက်မှော် အနောက် ရပ်ကွက်၊ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရွှေကောင်းမြတ် လက်ဖက်ရည်ဆိုင် အိပ်ခန်း အတွင်းအိပ်နေစဥ် အမည်မသိ သေနတ် သမားများက ပစ်ခတ်ခဲ့ရာ သန်းမင်းသည် မျက်လုံးနှင့် ပါးတို့တွင် ကျည်ထိ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကံကလေးကျေးရွာ၌ စစ်သားများနေထိုင်သည့် နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့၊ ညနေ ၅ နာရီ ၄၈ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ကံကလေးကျေးရွာရှိ စစ်သားများ နေထိုင်သော နေအိမ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရိုးမစစ်ကြောင်း ၂ နှင့် ပူးပေါင်း အဖွဲ့က ဒရုန်းဖြင့် ဗုံးသီး သွားရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article