28 C
Yangon

ရန်ကုန်တိုင်း စက်မှုဇုန်များမှ မြေကွက်အလွတ်တွေကို သိမ်းယူဖို့ စစ်ကောင်စီက မျက်စ ပစ်ပြန်

Must read

ရန်ကုန်တိုင်း စက်မှုဇုန်များမှ မြေကွက်အလွတ်တွေကို သိမ်းယူဖို့ စစ်ကောင်စီက မျက်စ ပစ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း စက်မှုများမှ မြေကွက်အလွတ်များနှင့် အိမ်ဆောက်လုပ်ထားသော မြေကွက်များကို သိမ်းယူရန် စစ်ကောင်စီက ပြင်ဆင်မှုများနှင့် သတိပေးမှုများ လုပ်ဆောင်နေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်တချို့ထံမှ သိရှိရသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ဇုန်ကို စစ်ကောင်စီက အဆင့်မြှင့်တင်ဆောင်ရွက်ရန် ဟူသော အကြောင်းပြချက်များ ဖြင့် စက်မှုဇုန်မြေကွက်များတွင် လူနေအိမ်များ ဆောက်လုပ်နေမှုများကို စည်းကမ်းဖြင့် အညီ ကြပ်မတ်စေရန် ဆိုသော ညွှန်ကြား ချက်တစ်စောင်ကို လျှို့ဝှက် ထုတ်ပြန်လာကြောင်း သိရှိရသည်။

“၂၅.၈.၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည့် စီးပွားရေးရာ ကော်မတီ အစည်းအဝေး အမှတ်စဉ် ၇/၂၀၂၃ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “အချို့စက်မှုဇုန်များတွင် လူနေအိမ်များ ဆောက်ထားသည်ကို တွေ့ရသဖြင့် စည်းကမ်းစနစ်တကျ ဖြစ်စေရေးအတွက် ကြပ်မတ်စေရန်” ဟု ညွှန်ကြားမှု ပြုပါသဖြင့် သိရှိလိုက်နာဆောင်ရွက်ရန် ဟူသော ညွှန်ကြားချက်တစ်စောင်ကို အောက်တိုဘာလ ၅ ရက်နေ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့များအားလုံးသို့ ရန်ကုန်စစ်ကောင်စီ စီးပွားရေးဝန်ကြီး မျိုးမြင့်အောင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

စက်မှုဇုန်များတွင် မြေကွက်အလွတ်နှင့် အိမ်ဆောက်နေထိုင်မှုများကို လုပ်ဆောင်သူများတွင် ပြင်ပမှ စီးပွားရေးသမား တချို့ရှိနိုင်သော်လည်း စက်မှု ဇုန် မြေကွက်အလွတ် အများစုကို ပိုင်ဆိုင်သူများမှာ စစ်ကောင်စီနှင့်နီးစပ်သော လုပ်ငန်းရှင်များ၊ အောင်သောင်း၏သားများသာဖြစ်ကြောင်း၊ ယခင် သိန်းစိန်အစိုးရ လက်ထက်တွင် စက်မှုဇုန်မြေကွက်များ လုပ်ငန်းမလုပ်လျှင် သိမ်းယူမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး လက်တွေ့တွင် ပိုင်ဆိုင်သူများမှာ ဗိုလ်ချုပ်များနှင့် နီးစပ်သူများသာ ဖြစ်နေ၍ သိမ်းယူမည့် အစီအစဉ် အထမမြောက် လက်လျှော့ခဲ့ရကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် စက်မှုဇုန် ၂၉ ဇုန်ရှိရာ တစ်နိုင်ငံလုံး၏ ၆၅ ရာခိုင်နှုန်း စက်မှုများ တည်ရှိနေသော မြို့တော်ဖြစ်ပြီး ရန်ကုန်စည်ပင်သာယာ ဧရိယာပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် ၁၁ ဇုန်ဖော်ထုတ်ရန် စစ်ကောင်စီက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article