30.5 C
Yangon

ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးရွာမှာ ပြည်သူ ၈ ဦးကို စစ်တပ်ဖမ်းဆီးနှိပ်စက်မှု တစ်ဦးသေဆုံးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ဖျောက်ဖျက်

Must read

ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးရွာမှာ ပြည်သူ ၈ ဦးကို စစ်တပ်ဖမ်းဆီးနှိပ်စက်မှု တစ်ဦးသေဆုံးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ဖျောက်ဖျက်

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာမှ ပြည်သူအမျိုးသား ၈ ဦးကို အကြမ်းဖက်စစ်တပ် က ဖမ်းဆီးနှိပ်စက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်ပေးခြင်းမရှိကြောင်း Kotaungbo Revolution – KTB-R မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၆ နာရီခန့်က ကန့်ဘလူမြို့နယ် မြောက်ပိုင်း၊ ချပ်သင်းတိုက် နယ်၊ ချပ်သင်းစံပြကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပုဏ္ဏားကြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ပြီး ရွာသား ၈ ဦးကို ဓားစာခံဖမ်းဆီးကာ ချပ်သင်းကျေးရွာ အထိုင်စခန်းအတွင်းသို့ နံနက် ၈ နာရီခန့်တွင် ပြန်လည်ဝင် ရောက်ခဲ့ကြောင်း သိရသည်။

“ချပ်သင်းနဲ့ ပုဏ္ဏားကြီးကျေးရွာဆိုတာ ၃ မိုင်လောက်ပဲဝေးပါတယ်၊ ကိုကျော်အေးတစ်ယောက်တည်း အသတ်ခံရတာပါ၊ ကျန်တဲ့သူ ၇ ယောက်ကိုတော့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်၊ သူတို့လည်း ရိုက် နှက်နှိပ်စက်ခံထားရလို့ ဒဏ်ရာပြင်းထန်ပါတယ်၊ မနေ့က သူတို့ကို ဖမ်းသွားတော့ တော်လှန်ရေး အင် အား စုတွေက ချပ်သင်းရွာထဲအထိ ဝင်စီးပြီး လိုက်ကယ်ပေမယ့် ဘန်ကာထဲထိ ခေါ်သွားလို့ မရခဲ့တာ၊ ချပ်သင်းမှာက ရွာရဲ့မြောက်ဘက်အစွန်မှာ စစ်ခွေးကုန်း ဘန်ကာရှိတယ်၊ အဲဒီဘန်ကာထဲလောက်သာ စစ်ခွေးတွေ ထိန်းထားနိုင်တာပါ” ဟု Kotaungbo Revolution – KTB-R မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့သို့ ဖမ်းဆီးခံရသူများကို ချပ်သင်းကျေးရွာအထိုင်ချ တပ်စခန်းအတွင်း၌ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့ ရာ အသက် ၃၅ နှစ်အရွယ် ရွာသား ကိုကျော်အေးမှာ သေဆုံးသွားပြီး ရုပ်အလောင်းကို မိသားထံ ပြန် လည် ပေးအပ်ခြင်းမရှိခဲ့ကြောင်း၊ ကျန်အမျိုးသား ၇ ဦးကို ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ပြန်လည်လွတ်ပေးခဲ့သော်လည်း ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများရရှိထားကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုခံရသော ကျေးရွာသားတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article