34 C
Yangon

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး မင်္ဂလာဒုံ၊ မှော်ဘီ အပါအဝင် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးသောင်းကျန်းနေ

Must read

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး မင်္ဂလာဒုံ၊ မှော်ဘီ အပါအဝင် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးသောင်းကျန်းနေ

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ ည ပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က မင်္ဂလာဒုံ၊ မှော်ဘီ အပါအဝင် ရန်ကုန်မြို့ အဝင်အထွက်အားလုံးကို ပိတ်ဆို့ စစ်ဆေး သောင်းကျန်းနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီအချိန် မှော်ဘီလေတပ်အတွင်း ပေါက်ကွဲမှုများဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး ၃ ကြိမ်ပေါက်ကွဲခဲ့ကြောင်း၊ လက်ရှိတွင် စစ်တပ်က မင်္ဂလာဒုံ၊ မှော်ဘီ နှင့် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေး သောင်းကျန်းနေကြောင်း သိရှိရသည်။

“မှော်ဘီ လေတပ်ထဲမှာ ပေါက်ကွဲမှုဖြစ်တယ်။ နှစ်ကြိမ်ကတော့ အသံအရမ်းကျယ်ပြီး ပေါက်ကွဲသံမှာ အိမ်တွေတောင်တုန်တယ်” ဟု မှော်ဘီလေတပ်အနီး နေထိုင်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် မင်္ဂလာဒုံ၊ မှော်ဘီနှင့် ရန်ကုန်မြို့ အဝင်အထွက်အားလုံးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း၊ ကားသမားများကို ကားပေါ်မှ ဆင်းခိုင်းပြီး ဒူးထောက်ခိုင်းကြောင်း ၊ အစစ် အဆေး အလွန်ကြမ်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက် ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article