31 C
Yangon

ရေဦးမြို့ပေါ်တွင် စစ်တပ်က အမျိုးသား ၂၇ ဦးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီး၊ ဖမ်းဆီးခံရသူ ၈၀ ကျော်ထိရှိလာပြီး ပြည်သူများ နေ့ဘက်ပါ အပြင်မထွက်ရဲတော့ဘဲ မြို့ပေါ်တွင် တိတ်ဆိတ်နေ

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်တပ်က အမျိုးသား ၂၇ ဦးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ ၈၀ ကျော်ထိရှိလာကာ ပြည်သူများ နေ့ဘက်ပါ အပြင်မထွက်ရဲတော့ဘဲ မြို့ပေါ်တွင် တိတ်ဆိတ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့ပေါ်ရှိ ဗိုလ်အောင်ဇေယျရပ်ကွက်၊ အောင်မဂ်လာရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နှင့် ရေဦးကုန်းရွာတို့မှ အမျိုးသား ၂၇ ဦးကို စစ်သားသစ် စုဆောင်းရန် ထပ်မံပေါ်တာဆွဲ ဖမ်းဆီးသွားပြီး လက်ရှိချိန်တွင် ဖမ်းဆီးခံရသူ ၈၀ ကျော်ထိ ရှိလာပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထားသော အမျိုးသား ၈၀ ကျော်ကို လက်ရှိချိန်ထိ ရေဦးမြို့ပေါ်ရှိ အထက ၁ ကျောင်းဆောင်၌ ဖမ်းထားပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် ထပ်မံဖမ်းဆီးမှုများ ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ပြည်သူများသည် နေ့ဘက်ပါ အပြင်မထွက်ရဲတော့ဘဲ မြို့ပေါ်တွင် တိတ်ဆိတ်နေကြောင်း သိရှိရသည်။

“ရေဦးမြို့ပေါ်မှာ နေ့စဥ်ရက်ဆက် ဖမ်းဆီးခံရသူ ၈၀ ကျော်အထိရှိနေတယ်။ နေ့ရောညပါ အမျိုးသားမှန်သမျှ လိုက်ဆွဲနေတာ ၄ ရက်နေ့ကလည်း တနေကုန်ဖမ်းနေတာ ဗိုလ်အောင်ဇေယျရပ်ကွက်၊ အောင်မဂ်လာရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နဲ့ ရေဦးကုန်းရွာက အမျိုးသား ၂၇ ဦးထက်မနည်း ထပ် မံဖမ်းဆီးခံခဲ့ရတယ်။ ရေဦးမြို့က မနက်မိုးလင်းကတည်းက ညမိုးချုပ်အထိ မြို့ပျက်ကြီးလိုဖြစ်နေပြီး လမ်းပေါ်မှာ စစ်ခွေးတွေ ခြေရှုပ်နေတာကလွဲလို့ ကျန်ရှိပြည်သူတွေလည်း အပြင်သိပ်မထွက်ရဲကြတော့ဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ထိုသို့ ဖမ်းဆီးရာတွင် အသက် ၄၀ ကျော် အရွယ်ရှိ အမျိုသားများလည်း ပါဝင်ပြီး မြို့ပေါ်နေ ပြည်သူများလည်း ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရေဦးမြို့ပေါ်တွင် စစ်တပ်က ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ အမျိုးသားများကို စစ်သားသစ် စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article