31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ဘုန်းကြီး ၁ ပါး ထိခိုက် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များပျက် စီး၊ စစ်တပ်က ပြည်သူ ၆ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟို ထံမှ သိရသည်။

မေလ ၁ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်ခန့်က မုန်းမြိုနယ်၊ မိုညှင်းဒဲကျေးရွာအတွင်းသို တစ် ကြိမ်၊ ၉ နာရီ ၃၂ မိနစ်တွင် ကွီးဒိုခေါ်ကျေးရွာအတွင်းသို တစ်ကြိမ်နှင့် ၁၀ နာရီ ၄၅ မိနစ်တွင် ထီးခး ထာကျေးရွာအတွင်းသို တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုအပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ထပ်မံလာရောက်ပြီး ရခိုင်တောင်နေရာသို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါး ထိခိုက် ဒဏ်ရာ ရရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညပိုင်းက ရွှေကျင်မြိုနယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ရွှေ ကျင် ဗျူဟာမှ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ဂွရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နွား ၄ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် အင်္ဂနီကျေးရွာအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများက အသက် ၆၀ အရွယ် ဦးကြည်ဆန်း၊ အသက် ၃၀ အရွယ် ကိုဖိုးပိန် ၊ အသက် ၇၀ အရွယ် ဦးတင်လှိင် ၊ အသက် ၆၀ အရွယ် ဦးကျော်ကျော် နှင့် ကျန် အမည်မသိရသေးသည့် ပြည်သူ ၂ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီး သွားကြောင်း၊ ၎င်းတို ၆ ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို ယခုအချိန်အထိသိရှိရ ခြင်းမရှိသေးကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထိုအပြင် ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ ဆောထိမြိုနယ်၊ ပန်းအင်းကျေးရွာအတွင်းသို အကြမ်းဖက် စစ် ကောင်စီ၏ ခမရ ၂၆၄ တပ်မှ လက်နက်ကြီးများ ပစ်ခတ်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article