35 C
Yangon

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Must read

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ပြည်သူ့ပန်းတိုင် – People’s Goalက တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဖော်ပြသည်။

တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်အတူ တိုင်းစစ်ဌာနချုပ်အရာရှိကြီးများအပါအဝင် ဗိုလ်ကြီးအဆင့်ထိ ပါဝင်ပတ်သက်ဆက်စပ်သူများကို ပြစ်ဒဏ်အသီးသီးချမှတ်ကြောင်း၊ ဇူလိုင်လတွင် ဖားကန့်ဘက်သို့ ဖောက်ခွဲရေးယမ်းများ တင်ပို့သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ နေပြည်တော် စစ်ဆေးရေးအရာရှိချုပ်ရုံးက မြောက်ပိုင်းတိုင်း တိုင်းမှူး နှင့် စစ်အရာရှိကြီးများကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ဖမ်းဆီးစစ်ဆေးခံရသည့် သူများတွင် တိုင်းမှူး၊ ဒုတိုင်းမှူး၊ တိုင်းဦးစီးဗိုလ်မှူးကြီးကနေ ကိုယ်ရေးအရာရှိဗိုလ်ကြီးများအထိ ပါဝင်ကြောင်း သတင်းက ဆိုသည်။

တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်ပြီး မင်းအောင်လှိုင်နှင့် ရင်းနီးဆက်စပ်သူလည်း ဖြစ်ကြောင်း၊ မင်း​အောင်လှိုင်က ၎င်းအနေဖြင့် အဂတိကင်းကြောင်း ပြသရန် အောက်ခြေကို ရသမျှ‌ထိုးကျွေးနေတာပေါ်လွင်စေကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီထိပ်ပိုင်း ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူ မိုးမြင့်ထွန်းကို ထောင်ဒဏ် ၂၀-နှစ် ချမှတ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article