33 C
Yangon

KIA စစ်ဦးစီးချုပ်က တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်တွဲ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်း ပြောဆို

Must read

KIA စစ်ဦးစီးချုပ်က တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်တွဲ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်း ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၄

KIA စစ်ဦးစီးချုပ်က တော်လှန်ရေး တပ်ဖွဲ့များ လက်တွဲ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်း​ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များထံ ပေးပို့သော ဂုဏ်ပြု မှတ်တမ်းတင်စာ၌ ထည့်သွင်းပြောဆိုထားသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဦးစီးချုပ်က ရက္ခိုင့်တပ်တော် (AA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB) ၊ ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ထံ အောက်တိုဘာလ ၂၂ ရက်နေ့က ဂုဏ်ပြု မှတ်တမ်းတင်စာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြု မှတ်တမ်းစာ၌ ” မိမိတို့ ကေအိုင်အေ တပ်မဟာ ၊ တပ်ရင်း ၊ တပ်ဖွဲ့ဝင်များ ၊ K-PDF များနှင့် အတူတကွ လက်တွဲ၍ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ် စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ် တပ်ဖွဲ့ဝင်များ အသီးသီးနှင့် တာဝန်ရှိတပ်မှူးများ အားလုံးကို အထူး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိ အမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း” ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article