35 C
Yangon

ကော့ကရိတ်မြို့နယ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲတိုက်ခိုက်ပြီး ညပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားနေ

Must read

ကော့ကရိတ်မြို့နယ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲတိုက်ခိုက်ပြီး ညပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားနေ

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့ပေါ်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ တပ်သားများကို ဆင်ကုန်းရွာနှင့် တတန်ကူးကျေးရွာအကြားတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက Fixed Wing မောင်းသူမဲ့ လေယာဉ် ငယ်များဖြင့် ဗုံးကျဲကာ မြေပြင်မှလည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦးထက်နည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရ သည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး သေဆုံးခဲ့သောကြောင့် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်တပ်က လေကြောင်းဖြင့် ၅ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ကော့ကရိတ်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က လည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး ယခုညပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ် ပွားလျက်ရှိကြောင်း သိရသည်။

“အခုထိ မြေပြင်တိုက်ပွဲကလည်း ပြင်းထန်နေတုန်းပဲ၊ စစ်ခွေးတွေက မဆုတ်သေးဘူး၊ လက်နက်ကြီး တွေလည်း တောက်လျှောက်ထုနေတာ၊ နည်းနည်းလေး လစ်တာနဲ့ ကျနော်တို့ဘက်ကလည်း လေ ယာဉ်နဲ့ ဗုံးသွားကျဲတာတွေတော့လုပ်တယ်။ စစ်ကြောင်းထိုးလာတဲ့ အင်အားက အတော်များတယ်၊ အထိနာလို့ လေယာဉ်နဲ့ လာပစ်တာပေါ့၊ အခုထိလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေတာပဲ၊ ကျနော် တို့လည်း ပုန်းနေရတယ်” ဟု Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာဖြင့် Kloud ၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ ၊ Justice Soldier-PDF ၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle-PDF) နှင့် Justice Wing ၊ Angry Bird Drone Ranger ၊ Power Of Ababil (POA)နှင့် တောင်ငူခရိုင်တပ်ရင်း ၃၅၀၂ တပ်ခွဲ ၁ Drone တပ်ဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article