34 C
Yangon

မြင်းခြံတွင် Non-CDM လမ်းဦးစီးအရာရှိ ဝင်းစန်းဦးနှင့် စားသုံးသူရေးရာ ဦးစီးမှူးတို့ ကားဖြင့် ခရီးသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး ၊ စဉ့်ကူးတွင် ရွှေဒုံးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြင်းခြံတွင် Non-CDM လမ်းဦးစီးအရာရှိ ဝင်းစန်းဦးနှင့် စားသုံးသူရေးရာ ဦးစီးမှူးတို့ ကားဖြင့် ခရီးသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး ၊ စဉ့်ကူးတွင် ရွှေဒုံးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် Non-CDM လမ်းဦးစီးအရာရှိ ဝင်းစန်းဦးနှင့် စားသုံးသူရေးရာ ဦးစီးမှူး တို့ အိမ်စီးကားဖြင့် ခရီးသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာနှင့် ထိန်ပန်းကျေးရွာအကြား တူရွင်းဘိုးကျေးရွာအနီး မြို့သာ-မန္တလေး ကားလမ်းတွင် လမ်းဦးစီးအရာရှိ ဝင်းစန်းဦးနှင့် စားသုံးသူရေးရာ ဦးစီးမှူးတို့ လိုက်ပါသော Toyota Crown ကားသည် ဒေသ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက တားဆီးစစ်ဆေးရာ ရပ်တန့် မပေးဘဲ အတင်းမောင်းနှင်ထွက်ပြေးကြောင်း၊ ထိုသို့ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ခံရရာ ကားပေါ်တွင် လိုက်ပါသော လမ်းဦးစီးအရာရှိ ဝင်းစန်းဦးနှင့် စားသုံးသူရေးရာ ဦးစီးမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံသော လော်ဘီစာမျက်နှာများ၏ ထုတ်ပြန်ချက်များတွင်မူ ငါန်း ဇွန်မြို့နယ်၊လမ်းဦးစီးအရာ ရှိ ဝင်းစန်းဦးသည် စားသုံးရေးရာ ဦးစီးမှူးနှင့်အတူ မြင်းခြံမြို့တွင် ရုံးလုပ်ငန်းများ ဆောင်ရွက်ပြီး ငါန်းဇွန်မြို့သို့ ကားဖြင့် ပြန်လာကြောင်း၊ မြို့သာ – မန္တလေးသွား ကားလမ်းအတိုင်း မြင်းခြံမြို့ဘက်မှ မောင်းနှင်လာစဥ် ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဖော်ပြထားသည်။

“ဒေသ လက်နက်ကိုင်တပ်ဖွဲ့တွေက တားဆီးစစ်ဆေးနေတာကို ရပ်မပေးဘဲ သူတို့က မောင်းပြေးတာ။ အဲဒါနဲ့ အပစ်ခံရတာလို့ သိရတယ်။ အဲဒီဘက်မှာ ဒေသ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဂိတ်တွေက မကြာခဏဆိုသလို အစစ်အဆေးရှိတဲ့နေရာတွေပါ” ဟု အခင်းဖြစ်စဉ်ကို သိရှိထားသော ငါန်းဇွန်မြို့ ပြည်သူတစ်ဦး ကပြောဆိုသည်။

အလားတူ မန္တလေးတိုင်း စဉ့်ကူးမြိုနယ်၊ ရွှေဒုံးကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဗေဒါ ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီ အချိန် စဉ့်ကူးမြိုနယ် ရွှေဒုံးကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေး ဗေဒါ(၅၇)နှစ် သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် သေနတ်သမားတချို့၏ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီတပ်များထံသို့ သွားရောက်ပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးမှုများရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article