30.5 C
Yangon

အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်သည့် လက်နက်များ သိမ်းဆည်းရရှိထား​

Must read

အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်သည့် လက်နက်များ သိမ်းဆည်းရရှိထား​

■ မဟာဗျူဟာ ထိုးစစ်၏ ကနဦး​ခြေလှမ်းဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်၊ မိုးမောင်မြို့နယ်ရှိ အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်သည့် လက်နက်များ သိမ်းဆည်းရရှိထားကြောင်း သိရသည်။

အောင်ဂျာ စခန်းကို ရောက်ရှိနေသည့် PDF စစ်​ဒေသမှူးက “ဝန်ကြီး​ရေ ​ကောက်လို့​တော့ မပြီး​သေးဘူး၊လက်နက်ငယ်​တွေ​ကော လက်နက်ကြီး​တွေပါ PDFတစ်ရင်းစာ တပ်ဆင်နိုင်​လောက်​အောင် ရလိမ့်မယ်ဗျ” ဟု လှမ်း​ပြောကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

​အောင်ဂျာ​ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ပါဝင်ပြီး KIA ဦး​ဆောင်သည့် မဟာမိတ်များနှင့် ရယူခဲ့သော အောင်ပွဲဖြစ်ကြောင်း၊ အဆိုပါ စခန်းကို AA ၊ CNF ၊ ABSDF ၊ KNA-BURMA KPDF နှင့် PDF ရဲ​ဘော်များ ပူး​ပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

​တော်လှန်​ရေး အဖွဲ့အစည်း​များ၏ ဌာနချုပ်​များကို ခြိမ်း​ခြောက်လိုသော စစ်​ကောင်စီ၏ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်သည့် အောင်ပွဲလည်းဖြစ်ကြောင်း၊ ​တော်လှန်​ရေးထု အင်အားနှင့် ဆင်နွှဲသည့် မဟာဗျူဟာ ထိုးစစ်၏ ကနဦး​ခြေလှမ်းလည်း ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် ရန်သူ့အင်အား ရာ​ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အောင်ဂျာ စခန်းသိမ်းတိုက်ပွဲသည် ကျားတက်ထိုးပြီး ဝင်​ရောက် သိမ်းယူခဲ့သည့် စခန်းသိမ်း​ အောင်ပွဲ​နေ့၌ PDF ရဲ​ဘော်များ၏ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်​ဒေသမှူး ဗိုလ်ချုပ်ကြီး​ ခေါင်လွန်းက ချီးကျူး​ကြောင်း ​ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article