35 C
Yangon

ထားဝယ်၊ ပကာရီရွာ ရဲကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ မိုးကုတ်တွင် အကြမ်းဖက်စစ်တပ်က အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်နေသဖြင့် မိုးကုတ်မြို့ပေါ်ရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိ

Must read

ထားဝယ်၊ ပကာရီရွာ ရဲကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ မိုးကုတ်တွင် အကြမ်းဖက်စစ်တပ်က အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်နေသဖြင့် မိုးကုတ်မြို့ပေါ်ရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာရှိ ရဲကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် အနီးကပ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့​​ကြောင်း သိရသည်။

” စစ်ခွေး ၆ ကောင်သေပါတယ်။ ထိတွေ့ တိုက်ပွဲအတွင်း လက်နက် သိမ်းဆည်းရတာ မျိုးတော့ မရှိပါဘူး” ဟု ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် ထားဝယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထားဝယ်ပကဖ) အဖွဲ့ဝင် ဧဒင်မှူး အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးကျည်များဖြင့် ပစ် ခတ်နေပြီး မိုးကုတ်မြို့အတွင်းရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း မိုးကုတ်မှ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နံနက်ပိုင်းတွင် မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ ဖြူရောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ လယ်ကြီးကျေးရွာ၊ ဟိုခိုကျေးရွာဘက်သို့ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ် နေခြင်းဖြစ်ပြီး အချက်ရေ ၇၀ ခန့်ရှိပြီဖြစ်ကြောင်း၊ ယခုချိန်အထိ ပစ်ခတ်မှု ရပ်နားခြင်းမရှိသေးဘဲ မိုးကုတ်မြို့ပေါ်ရှိ နေအိမ်များ မှန် ပြတင်းပေါက်များ ကွဲကြေပျက်စီးမှုရှိကြောင်း သိရသည်။

“မိုးကုတ်မြို့ထဲမှာ တချို့အိမ်တွေဆိုရင် ပြတင်းပေါက်မှန်တွေ ကွဲတယ်၊ ဒုံးတွေနဲ့ ၂ မိနစ်နဲ့ ၅ မိနစ်ခြား တစ်ခါ ထုနေတာ၊ အခုထိ မနားသေးဘူး၊ မနေ့က ရဟတ်ယာဉ်နဲ့ လာပို့တဲ့ ဒုံးကျည်တွေနဲ့ မိုးကုတ်ဗျူဟာကုန်းကနေ ဖြူရောင်၊ ညောင်ကုန်း၊ လယ်ကြီး၊ ဟိုခိုဘက်ကို ဒုံးကျည်အချက်ရေ ၆၀ – ၇၀ လောက်ရှိနေပြီ ဆက်တိုက်ထုနေတာ” ဟု မိုးကုတ်မြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက ဒုံးများဖြင့် ပစ်ခတ် လေ့ကျင့်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article