28 C
Yangon

အကြမ်းဖက် စစ်တပ်ကို အနိုင်တိုက်ရန် မှတပါး အခြားမရှိဟု ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူးက စစ်ထွက် မိန့်ခွန်းပြော

Must read

အကြမ်းဖက် စစ်တပ်ကို အနိုင်တိုက်ရန် မှတပါး အခြားမရှိဟု ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူးက စစ်ထွက် မိန့်ခွန်းပြော

ရန်ကုန်၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့် အကြမ်းဖက် စစ်တပ်ကို အနိုင်တိုက်ရန်မှတပါး အခြားမရှိကြောင််း ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက စစ်ထွက် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့ စစ်ထွက်မိန့်ခွန်းတွင် ၎င်းက ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း ABSDF အမှတ် ၃ စစ်ကြောင်း က တရားဝင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် စစ်မျက်နှာအသီးသီး၌ ပြိုလဲနေပြီဖြစ်ကာ အင်အားများ ဆုတ်ယုတ်နေပြီး စိတ်ဓာတ်များလည်း ပျက်ပြားနေပြီဖြစ်ကြောင်း၊ နိုင်ငံအနှံအပြားတွင် ABSDF တပ်မတော်နှင့် မဟာမိတ်တပ်များက ရန်သူ့စခန်းအသီးသီး ကို သိမ်းပိုက်နေပြီဖြစ်ကြောင်း၊ ABSDF တပ်မတော် အခြေစိုက်ရာ ဒေသများတွင်လည်း အကြမ်းဖက် စစ်တပ် စခန်းများကို မဟာမိတ်များနှင့် ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခြင်း ၊ ပိတ်ဆို့ထားခြင်းများကို လုပ်ဆောင်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ငါတို့ ကျောင်းသားတပ်မတော် ရဲဘော်တွေဟာ တော်လှန်စစ်ဖြင့် ရန်သူကို အနိုင်တိုက်ရန်မှတပါး အခြားမရှိဟု သဘောထားပြီး တော်လှန်စစ်သည် တရားသောစစ်ဖြစ်၍ မုချအောင်မြင်ရမယ်လို့ ခံယူကြသူများလည်း ဖြစ်တယ်။ ငါတို့ဟာ ဖိနှိပ်ခံပြည်လူထုအားလုံး လွတ်မြောက်ရေးအတွက် မ.က.ဒ.တ ဦးတည်ချက် (၄)ရပ် အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြရမှာလည်းဖြစ်တယ်။ ဒါကြောင့် အသက်ပင်သေသေ အရေပင်ခမ်းခမ်း ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြစို့ လို့ တိုက်တွန်းလိုက်တယ်။ အောင်စိတ် အပြည့်မွေးထားကြ အာဏာရှင် စနစ်အဆုံးသတ်ရေး ငါတို့ အတူ တိုက်ပွဲဝင်ကြမယ်” ဟု ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ကျောင်းသားတပ်မတော် ) သည် ၁၉၈၈ ခုနှစ် မှ စ၍ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တာ လက်ရှိ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ ၃၅ နှစ် ပြည့်တော့မည်ဖြစ်​ကြောင်း၊ မျက်မှောက်ခေတ် တော်လှန်ရေး နယ်ပယ်အသီးသီးတွင် ကျောင်းသားတပ်မတော်သည် မဟာမိတ် အသီးသီးနှင့် စစ်မျက်နှာပေါင်းစုံမှာ တိုက်ပွဲဝင်လျက်ရှိသည့်အဖွဲ့လည်းဖြစ်သည်။

သေနင်္ဂဗျူဟာ ခံစစ်ကာလ စစ်ရေးပထမ အဆင့်တွင် ရန်သူ၏ ချေမှုန်းခြင်းမခံရအောင် မိမိတို့အင်အားကို ထိန်းသိမ်း၍ ရန်သူ စခန်းငယ်များကို အပိုင်စီးတိုက်ပွဲများ ဆင်နွဲပြီး မိမိတို့ အင်အား ကြီးထွားအောင် ချီတက်ခဲ့ပြီးလည်း ဖြစ်ကြောင်း၊ သေနင်္ဂဗျူဟာ ထိုးစစ်အတွက် ပြင်ဆင်ရေးကာလဖြစ်တဲ့ စစ်ရေး ဒုတိယ အဆင့်တွင် ရန်သူနှင့် သူတပြန်ကိုယ်တပြန် သဲသဲမဲမဲ တိုက်ခိုက်ရသည့် ကာလတွင် ပြည်သူ့ထောက်ခံမှုကို ရယူပြီး မိမိတို့ အင်အားကို ရန်သူထက်ကြီးထွားအောင် ကြိုးစားခဲ့ပြီး ဖြစ်ကြောင်း၊ သေနင်္ဂဗျူဟာထိုးစစ်ကာလ တတိယအဆင့်တွင် ရန်သူကို ချေမှုန်းရေးကာလ ရောက်ရှိလာပြီး တော်လှန်ရေး၏ ရန်သူဟူသမျှကို ချေးမှုန်းပစ်ရမှာ ဖြစ်ကြောင်း ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ​ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article