30 C
Yangon

ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ​ပြီး စစ်တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဥ် များဖြင့် ကျေးရွာ ၃ ရွာကို ပစ်ခတ် ဗုံးကျဲ

Must read

ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ​ပြီး စစ်တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဥ် များဖြင့် ကျေးရွာ ၃ ရွာကို ပစ်ခတ် ဗုံးကျဲ

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ​ပြီး အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် ကျေးရွာ ၃ ရွာကို ပစ်ခတ် ဗုံးကျဲခဲ့ကြောင်း တော်လှန်ရေး ရဲဘော်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ထီးချိုင့်မြို့နယ်၊ မင်းဝံတောင်ရိုး တစ်​လျှောက်၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဥ် များဖြင့် ပစ်ခတ် ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ထီးချိုင့်မြို့နယ်၊ မင်းဝံတောင်ရိုး တစ်လျှောက်ကို Mi 35 ရဟတ်ယာဥ်ဖြင့် မိနစ် ၃၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ညောင်ပင်သာရွာ၊ ဒိုးပင်ရွာနှင့် ကျူတောင်ရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ပြင်းထန်တယ်။ စစ်ခွေးတွေက ညောင်ပင်သာရွာကို ၂ လုံး ၊ ဒိုးပင်ရွာ ၂ လုံး၊ ကျူတောင်ရွာ ၂ လုံး ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတယ်။ အထိအခိုက် အပျက်အစီးက စုံစမ်းနေတုန်းပါပဲ” ဟု ထီးချိုင့် အင်ဒေါင်း ပ.က.ဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article