28 C
Yangon

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်ဒေသ တစ်ခုလုံးရှိ စစ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့

Must read

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်ဒေသ တစ်ခုလုံးရှိ စစ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်‌ မြောက်ပိုင်းရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ၁၀၂၇ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ချင်းရွှေဟော် ဒေသတစ်ခုလုံးရှိ အကြမ်းဖက် စစ်တပ် စခန်း များကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်တွင် MNTJP/MNDAA က စစ်ကောင်စီတပ်များကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခန့် တွင် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုး နှင့် လားရှိးမြို့ရှိ စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းများကို သိမ်းပိုက်ခဲ့ပြီးနောက် မုံးကိုးခရိုင် ရှီကျိကျတောင်ကုန်း၊ ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသ ရှောက်တင်းပရွာ၊ ကိုးကန့်ခရိုင် ရှီးရှန်းဒေသ ကန်ဝမ်ထန်ရွာနှင့် ခုမာရွာကြား၊ ချင်းရွှေဟော်ဒေသ နန်ဖာ ရှန်းတောင်ကုန်းရှိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနန်ဖာရှန်းတောင်ကုန်းကို MNDAA တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနန်ဖာရှန်း တောင်ကုန်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းရှိသလို MNDAA တပ်ဖွဲ့တပ်စခန်းတစ်ခုလည်း ရှိကြောင်း၊ ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် MNDAA တပ်ဖွဲ့မှ ခြေ လျင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁ နာရီကျော်ကြား အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်း စက်လက် ၁ လက်၊ Shotgun ၁ လက်၊ စကားပြောစက် ၄ လုံး ၊ ၆၀မမ ဗုံးသီး အလုံး ၄၀ ၊ စက်လက်ကျည် အတောင့် ၂၀၀၀ ၊ ၅.၅၆ ကျည် အတောင့် ၃၀၀၀ ၊ လက် ပစ်ဗုံး အလုံး ၂၀ ၊ နင်းမိုင်း ၂ လုံး၊ စက်လက်ကျည်ကပ် ၁ ခု၊ ရိုးရိုးကျည်ကပ် ၂ နှင့် အခြား စစ်ရေး ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီမှ ၇ နာရီခွဲခန့်အထိ စစ်ကောင်စီတပ်စခန်းရှိရာ နန်တောင်ဟော်ဒေသ နှင့် ကျမိန်ခုတ်ဒေသ များကို MNDAA တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မာဟွာချင်းယာခုတ်ဒေသရှိ စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ကိုးကန့်ခရိုင်၊ ရှီးရှန်းဒေသ ကန်ဝမ်ထန်ရွာ နှင့်ခုမာရွာကြား ကုတ်ထုတ်ပေါက်ပေါက် တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်နှင့် လုံထန်ပြည်သူ့စစ် အဖွဲ့များကို MNDAA စတင်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကို ပြင်းပြင်းထန်ထန်ချေမှုန်းနိုင်ခဲ့ကာ တပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ စစ်ရေး ပစ္စည်းတစ်ချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မုံးကိုးခရိုင်၊ ရှီကျိကျတောင်ကုန်း၏ အရှေ့ဘက်ခြမ်း ကွမ်းထန်တောင်ကုန်း နှင့် နန်ကျွမ်းဒေသ ရှိ စစ်ကောင်စီတပ်များကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း၊ ယခုညနေပိုင်းအချိန်အထိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ချင်းရွှေဟော်ဒေသတစ်ခုလုံးကို ထိမ်းချုပ်သိမ်းပိုက်နိုင်ခဲ့ကာ စစ် ရေး ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article