လားရှိုးမြို့အရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကိုးကန့် MNDAA က သိမ်းပိုက်လိုက်ပြီး စစ်သား ၃ ဦးအရှင်မိ၊ ချင်းရွှေဟော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
ရန်ကုန်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ကိုးကန့် MNDAA က ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း MNDAA မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် လားရှိုးမြို့ အရှေ့ဘက်ရှိ အဆိုပါ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်သားသေဆုံးမှု နှင့် လက်နက်သိမ်းဆည်းရရှိမှုကို စိစစ်နေဆဲဖြစ်ကြောင်း၊ MNDAA ဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။
“စစ်သား ၃ ဦးအရှင်မိတယ်။ ကျန်တာတွေကတော့ သက်ဆိုင်ရာက အခြေ အနေ ကို စိစစ်နေဆဲဖြစ်ပါတယ်” ဟု MNDAA ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ ၈ မိနစ်အချိန် စစ်ကောင်စီ တပ်က ချင်းရွှေဟော်၊ Ma Li Ping(麻栗坪)ကျေးရွာကို တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ့နေအိမ်များ ပျက်စီးကြောင်း သိရှိရသည်။
ဓာတ်ပုံ- လားရှိုးအရှေ့ဘက်ရှိ စစ်တပ်စခန်းမှ စစ်သား ၃ ဦးကို အရှင်းဖမ်းမိ ထား ပုံနှင့် ချင်းရွှေဟော်မြို့၊ ကျေးရွာကို စစ်တပ်က ဗုံးကျဲထားသဖြင့် နေအိမ် များ ပျက်စီးနေပုံ။