30 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ ကြံ့ဖွတ်ရုံးနှင့် ကင်းလှည့် စစ်ကားကို မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ခမရ ၁၁ မှ အရပ်ဝတ်ဖြင့် ထွက်လာသည့် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရွှေဘိုမြို့ပေါ်ရှိ ကြံ့ဖွတ်ရုံးနှင့် ကင်းလှည့် စစ်ကားကို မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ခမရ ၁၁ မှ အရပ်ဝတ်ဖြင့် ထွက်လာသည့် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ကြံ့ဖွတ်ရုံးနှင့် ကင်းလှည့် စစ်ကားကို မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့ရှိ ကြံ့ခိုင်ရေးရုံးကို တော်လှန်းရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရွှေဘိုမြို့ ကားကြီးကွင်းမှ မုဒ် ပေါက်ကို ကင်းလှည့်ရန် ထွက်လာသော စစ်ကားကိုလည်း ည ၈ နာရီခန့်တွင် ဆိုင်ကယ် ၂ စီး ဖြင့် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ လုံးမှာ ကားဘေးလမ်းပေါ်ကျကွဲပြီး ကျန် ၁ လုံးမှာ ကားပေါ်တည့်တည့် ကျကွဲခဲ့သောကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁ မှ အရပ်ဝတ်ဖြင့် ထွက်လာသော စစ်သား ၁ ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အမှတ် ၁၀ ရပ်ကွက် ဂေါက်ကွင်းလမ်းပေါ်တွင် တော်လှန်ရေး တပ်ဖွဲ့များက သေနတ်ဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း ၊ Naung Yoe Army ခွဲ ၁ ၊ ရွှေဘိုကျားကြီး ခွဲ ၄ ၊ Revulotion soldier ၊ ရှိမ်မကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article