29.6 C
Yangon

မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန်ချက် ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်

Must read

မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန်ချက် ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁ဝ၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်ထားသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ (MNTJP/MNDAA ၊ PSLF/TNLA ၊ ULA/AA) မှ ပြည်သူလူထု တရပ်လုံး လိုလားချက် ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ၊ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိ နယ်မြေပိုမို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဟန့်တားနိုင်ရေး၊ အွန်လိုင်း လောင်းကစား လိမ်လည်မှု ပပျောက်ရေးအတွက် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာ မြောက် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုပါ ကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ရန်သူ့တပ် စခန်း နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းပြီး အောင်ပွဲ အလီလီ ရရှိမှုများ အပေါ် ဂုဏ်ယူ ဝမ်း မြောက်ကြောင်းနှင့် တိုက်ပွဲတိုင်း အောင်လံ လွှင့်ထူနိုင်စေကြောင်း အလေးအနက် ဆန္ဒပြုပါသည်ဟု ပြောဆိုထားသည်။

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တနေသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည် တည် ဆောက်ရန် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မကြုံဖူးသော နိုင်ငံရေးအခွင့်အခါကောင်းရရှိခြင်းပင်ဖြစ်ပြီး ဤ အခွင့်ထူးကို မိမိတို့ အနေဖြင့် အမိအရ ဆုပ်ကိုင်ပြီး စစ်ရေး နိုင်ငံရေးတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန် ချက်ညီညီ တိုက်ပွဲ ဆင်နွှဲကြပါရန် တိုက်တွန်းလိုကြောင်း ချင်းအမျိုးသားတပ်ဦး – CNF က ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article