28 C
Yangon

မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်နှင့်လားရှိုးမြို့နယ် တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ကို ထပ်မံသိမ်းပိုက်ရရှိ၊ စစ် သား ၄ ဦး အရှင်ဖမ်းမိပြီး ဆက်လက်တိုက်ပွဲပြင်းထန်

Must read

မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်နှင့်လားရှိုးမြို့နယ် တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ကို ထပ်မံသိမ်းပိုက်ရရှိ၊ စစ် သား ၄ ဦး အရှင်ဖမ်းမိပြီး ဆက်လက်တိုက်ပွဲပြင်းထန်

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့းမြို့နယ်၊ နမ့်ခမ်းမြို့နယ် ၊ မူဆယ်မြို့နယ် နှင့်ကွက်ခိုင်မြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ စစ်သား ၄ ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် တအာင်းပြည် နယ်၊ တပ်မဟာ ၄ စစ်ဒေသ လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြို့နယ်၊ ဟတ်ယိုင်(ဟဲယိုင်) စစ်ကောင်စီ တပ်စခန်းကို မွန်းလွဲ ၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြို့နယ်၊ ကံကော်တောင် စစ်ကောင်စီ တပ်စခန်းကို မွန်းလွဲ ၂ နာရီခွဲခန့်တွင် လည်း ကောင်း၊ တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီနှင့် ပြည် သူ့စစ် – ပ.သ.စ ပူးပေါင်း တပ်စခန်း ၄၅၆၁ ကို ညနေ ၃ နာရီ ၁၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မဟာ ၅ စစ်ဒေသ ကွတ်ခိုင်မြို့နယ်၊ ရူခင်းသာ စစ်ကောင်စီ တပ်စခန်းကို အောက်တိုဘာ ၂၇ရက်နေ့က စတင် တိုက်ခိုက်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းကို ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၅ရက်နေ့မြောက်အဖြစ် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ဂျက်ဖိုက်တာ ဖြင့် ၈ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့် ၄ ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည့်အပြင် တပ်မ ဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်ဘက်တွင်လည်း ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်က ၁၂၀ မမ ၊ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်များဖြင့် ပန်စံကျေးရွာဘက်သို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် TNLA တပ်မဟာ ၁ မှ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦး ကို လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဖမ်းဆီးရရှိခဲ့ပြီး တအာင်းတပ်မတော် PSLF/TNLA က စစ်ကောင် စီတပ်စခန်း ၄ ခု ထပ်မံရရှိ ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article