28 C
Yangon

စစ်ကောင်စီအတွက် အဓိက နိုင်ငံခြား ဝင်ငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဒဏ်ခတ်

Must read

စစ်ကောင်စီအတွက် အဓိက နိုင်ငံခြား ဝင်ငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဒဏ်ခတ်

■ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်မောင်အေး၊ ဝန်ကြီးချာလီသန်း၊ ဝန်ကြီးကံဇော် အပါအဝင် ကုမ္ပဏီ ၃ ခုနှင့် စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးကို အရေးယူဒဏ်ခတ်

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကောင်စီအတွက် အဓိက နိုင်ငံခြား ဝင်ငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူလိုက်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။

အမေရိကန်ပြည်ထောင်ငစုက MOGE ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရာတွင် ကနေဒါ ၊ ဗြိတိန်တို့နှင့်အတူ ပူးတွဲ စီးပွားရေးပိတ်ဆို့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားအနေဖြင့် စစ်ကောင်စီလက်အောက်ခံ MOGE ၏စီးပွားရေးနှင့် အကျိုးစီးပွားများနှင့်ပတ်သက်သော ငွေကြေးနှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုများကို တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်၀ိုက်၍သော်လည်း လုပ်ကိုင်ခြင်းမပြုရန် တားမြစ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ MOGE အပေါ် အရေးယူဒဏ်ခတ်လိုက်ခြင်းသည် စစ်ကောင်စီက မြန်မာပြည်သူများအပေါ် သတ်ဖြတ်နေသော လက်နက်ဝယ်ယူနေမှုများ အရေးယူဒဏ်ခတ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီနှင့် ပတ်သက်နေသော လူပုဂ္ဂိုလ် ၅ ဦးနှင့် ကုမ္ပဏီ ၃ ခုကိုလည်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုသည် လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ မှစတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း အမေရိကန်က ကြေညာသည်။

“ MOEG အပေါ် ကနေဒါနဲ့ ဗြိတိန်တို့နဲ့အတူ အမေရိကန်က ပူးပေါင်းဆောင် ရွက်တဲ့ အရေးယူမှုဟာ မြန်မာစစ်တပ်အပေါ် ကျနော်တို့ စုပေါင်းဖိအားပေးတာဖြစ်ပြီး စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ဖို့အတွက် လိုအပ်တဲ့ လက်နက်နဲ့ ထောက်ပံ့ရေးတွေကို ပိတ်ဆို့တာဖြစ်ပါတယ်။ ကျနော်တို့က စုစည်းညီညွတ်မှုနဲ့ စစ်အစိုးရအပေါ် ကျူးလွန်မှုတွေ၊ အကြမ်းဖက်မှုတွေ ဆက် မလုပ်ဖို့၊ ကျူးလွန်မှုတွေအတွက် တာဝန်ယူဖို့ ဖိအားပေးတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး ဖိအားပေးသွားမှာဖြစ်ပါတယ်” ဟု အမေရိကန်၊ ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Brain E. Nelsonက ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီအတွက် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူပေးခြင်း၊ မြန်မာစစ်တပ်နှင့်ပတ်သက်နေသည့် Sky Royal Hero Company Limited ၊ မြန်မာစစ်တပ်အတွက် လက်နက်များ ဝယ်ယူပေးနေသည့် စစ်တိုင်းအောင် ၏ ကုမ္ပဏီခွဲများဖြစ်သည့် Suntac Technologies Company Limited ၊ Suntac International Trading Company Limited တို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာသည်။

အလားတူ မြန်မာစစ်တပ်မှ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ မြန်မာစစ်ကောင်စီက ခန့်ထားသော စက်မှုဝန်ကြီး ချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကံဇော်၊ တရားရေးရာဝန်ကြီးဌာနမှ ညွှန်ချုပ် ဆွေဆွေအောင်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဇော်မင်းတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက် ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်၏ သွေးစွန်းငွေများ ဖြတ်တောက်ရေးလှုပ်ရှားမှု Blood Money Campaign မှ တာဝန်ခံ အဖွဲ့ဝင်တစ်ဦး က “အမေရိကန် အစိုးရက အခုအသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုက စစ်အုပ်စုကို အထိနာစေမှာသေချာပါတယ်။ စစ်အုပ်စုရဲ့ အဓိက နိုင်ငံခြားဝင်လမ်းကြောင်းဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ် ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်ဒေါ်လာပေးချေမှုအားလုံးကိုကန့် သတ်လိုက်တဲ့အပြင်၊ တခြားဘဏ္ဍာရေးနဲ့ဆက်စပ်တဲ့ဝန်ဆောင်မှုအားလုံးကိုပိတ်လိုက်တာပါ။ စစ်တိုက်ဖို့အတွက် ဒေါ်လာ သေလုမတ်လိုအပ်နေချိန်မှာ အခုလိုပိတ်ဆို့လိုက်တာက စစ်အုပ်စုအတွက်တော်တော်ကိုထိခိုက်မှုကြီးပါလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article