34 C
Yangon

အကြမ်းဖက် မြန်မာ စစ်တပ်အတွက် လက်နက်တင်သွင်းပြီး ငွေကြေးထောက်ပံ့သူ ဦးတေဇ၏သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီ တို့ကို ဗြိတိန်နိုင်ငံက စီးပွားရေးပိတ်ဆို့ အရေးယူ

Must read

အကြမ်းဖက် မြန်မာ စစ်တပ်အတွက် လက်နက်တင်သွင်းပြီး ငွေကြေးထောက်ပံ့သူ ဦးတေဇ၏သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီ တို့ကို ဗြိတိန်နိုင်ငံက စီးပွားရေးပိတ်ဆို့ အရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၁

အကြမ်းဖက် မြန်မာ စစ်တပ်အတွက် လက်နက်တင်သွင်းပြီး ငွေကြေးထောက်ပံ့သူ ဦးတေဇ၏သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီ ကို ဗြိတိန်နိုင်ငံက အမေရိကန်နှင့် ကနေဒါတို့နှင့်ပူးပေါင်း၍ စီးပွားရေးပိတ်ဆို့ အရေးယူလိုက်ကြောင်း တရားဝင် ကြေညာသည်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဗြိတိန်နှင့် နိုင်ငံတကာ မိတ်ဖက်နိုင်ငံများသည် မြန်မာစစ်အစိုးရအပေါ် ဖိအားများ တိုးမြှင့်လိုက်သည့်အနေဖြင့် စစ်တပ်လုံခြုံရေးတပ်ဖွဲ့များထံ ကန့်သတ်ကုန်ပစ္စည်းများ တင်သွင်းပေးနေသော လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့နေသူများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်မံကြေညာလိုက်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများမှာ ဦးတေဇ၏ သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရှိရသည်။

ဗြိတိန်က စီးပွားရေးပိတ်ဆို့မှု ချမှတ်သူများမှာ –

၁-မျိုးသစ္စာ – Dynasty International ၏ Procurement & Supply ဌာနမှုးဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊

၂-ထူးထက်တေဇ- ထူးကုမ္ပဏီများ အုပ်စု (Htoo Group of Companies) ၏ ဒါရိုက်တာဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် ကန့်သတ်နည်းပညာများ နှင့်/သို့မဟုတ် ၄င်းတို့နှင့်ဆက်စပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်း၊ စစ်တပ်လုံခြုံရေးတပ်ဖွဲ့များထံ ငွေကြေး သို့မဟုတ် စီးပွားရေးရင်းမြစ်များကို ထောက်ပံ့ပံ့ပိုးခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ခဲ့ကြောင်း၊

၃-ပြည့်ဖြိုးတေဇ- Myanmar Avia Services ၊ Yangon Aircraft Engineering Company Limited နှင့် ထူးကုမ္ပဏီများ အုပ်စု (Htoo Group of Companies) တို့တွင် လုပ်ကိုင်ပြီး ကန့်သတ်ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် နည်းပညာများ နှင့်/သို့မဟုတ် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်း၊ စစ်တပ်လုံခြုံရေးတပ်ဖွဲ့များထံ ငွေကြေး သို့မဟုတ် စီးပွားရေးရင်းမြစ်များကို ထောက်ပံ့ပံ့ပိုးခြင်းမှ တဆင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊

၄-ကျော်မင်းဦး – Sky Aviator Company Limited ၏ ဒါရိုက်တာဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် နည်းပညာများ နှင့်/သို့မဟုတ် ၄င်းတို့နှင့်ဆက်စပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းအားဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊

၅-စစ်တိုင်းအောင် – Yatanarpon Aviation Services ၏ ဒါရိုက်တာဖြစ်ပြီး Mottama Holdings နဲ့ လက်တွဲလုပ်ကိုင်သူဖြစ်သည်။ ကန့်သတ် ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် နည်းပညာများ နှင့်/သို့မဟုတ် ၄င်းတို့နှင့်ဆက်စပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းအားဖြင့် မြန်မာ အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း

၆- International Group of Entrepreneur Services Company Limited (IGE) – စစ်တပ်လုံခြုံရေးတပ်ဖွဲ့များအတွက် ရန်ပုံငွေများ သို့မဟုတ် အခြားစီးပွားရေးရင်းမြစ်များ ပံ့ပိုးပေးခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံအစိုးရ ၊ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က “ မြန်မာပြည်သူပြည်သားတွေအပေါ် ကျူးလွန်တဲ့ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ယူကေအစိုးရက ပြတ်သားစွာ ရှုတ်ချပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံက လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များဖြင့် အပြီးသတ်ပိတ်ပင်လိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရရဲ့ အဓိကရင်းမြစ်နှင့် ၀င်ငွေရရှိနေတဲ့လမ်းကြောင်းတွေကို အကန့်အသတ်ဖြစ်စေပြီး ရက်စက်တဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ယူကေအစိုးရအနေနဲ့ မြန်မာစစ်တပ်အား တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်၊ မြန်မာနိုင်ငံမှာ တရားမျှတမှုရှိစေရန်နဲ့ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိတဲ့အနာဂတ်ကို လိုလားမျှော်မှန်းကြတဲ့ မြန်မာပြည်သူပြည်သားတွေကို ယူကေက ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှုဖြစ်သည့်အချိန်ကတည်းက ယူကေအစိုးရသည် Myanmar Sanctions Regime စနစ်အောက်တွင် လူပုဂ္ဂိုလ် ၂၆ ဦးနှင့် အဖွဲ့အစည်း ၂၉ ခု၊ Global Human Rights Sanctions Regime စနစ်အောက်တွင် စစ်တပ်၏အဓိကလုပ်ငန်းစုကြီးနှစ်ခုနှင့် ၎င်းတို့၏ လုပ်ငန်းခွဲ ၁၁၁ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း၊ ယူကေသည် စစ်အစိုးရ၏ တရားဝင်မှု မဖြစ်စေရန်၊ ၀င်ငွေနှင့် လက်နက်ရရှိနိုင်မှုကို ကန့်သတ်ရန်အတွက် နိုင်ငံတကာ ကြိုးပမ်းမှုများတွင် ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article