30.5 C
Yangon

မြောင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး စစ်ကောင်စီ တပ်သားများ အလင်းဝင်ရန် စာများကျဲချ သတိပေး

Must read

မြောင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး စစ်ကောင်စီ တပ်သားများ အလင်းဝင်ရန် စာများကျဲချ သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မြောင်မြို့မရဲစခန်း၊ စစ်ဗိုလ်နေအိမ်နှင့် ကျောက်ရစ်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး စစ်သားများ အမြန်ဆုံး အလင်းဝင်ရောက်ကြရန် စာများကျဲချ သတိပေးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်သားများ အခြေချနေထိုင်နေသည့် မြောင်မြို့မရဲစခန်းနှင့် စစ်ဗိုလ်နေထိုင်သည့် နေအိမ်တို့ကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် Air BOMB ၅ လုံးနှင့်အတူ စစ်ကောင်စီ တပ် သား များအနေဖြင့် ပြည်သူ့ရင်ခွင်ထံသို့ အချိန်မီ ခိုလှုနိုင်ရန် လက်ကမ်းစာဆောင်များကို တပြိုင်တည်း ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြောင်မြို့မရဲစခန်းနဲ့ စစ်ဗိုလ်နေအိမ်က နှစ်အိမ် သုံးအိမ်လောက်တော့ လှမ်းတယ်၊ ထိခိုက်သေဆုံးမှုရှိ ပေမယ့်အတိအကျ သိရှိနိုင်ဖို့ စုံစမ်းနေတုန်းပါ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်မှု ရှိခဲ့ပါတယ်၊ စကစတပ်သားတွေအနေနဲ့ အလင်းဝင်ချင်တယ်ဆိုရင် ကြိုဆိုလျက်ပါပဲ၊ အဲဒီအတွက် အ မြန်အလင်းဝင်ရောက်ကြဖို့ ဗုံးသီးနဲ့အတူ လက်ကမ်းစာစောင်တွေပါ ကျဲချခဲ့တာပါ” ဟု မြောင်မြို့နယ် ပြည် သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Droneဖြင့် Air BOMB ၁ လုံးနှင့် လက်ကမ်းစာဆောင်များ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုများအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိ နိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၁ -မြေလတ် PDF ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၃ – 7 PDF ၊ မြင်းခြံ နဂါးနီ ပြောက် ကျားတပ်ဖွဲ့၊ မြို တိုက်နယ် ပကဖ (မြောင်) မြောင်မြိုနယ် ပြည်သူ့ရင်ခွင် နှင့် မိတ္ထီလာခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article