38 C
Yangon

ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီး ဝင်ရောက် တိုက်ခိုက်

Must read

ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီး ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် SNA ပူးပေါင်း တပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း HPDF – 124 တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်က စတင်၍ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာ၌ တပ်စွဲထားသော စစ်သားနှင့် ၎င်းတို့၏ လက်အောက်ခံ SNA တပ်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် တစ်နေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ ပစ်ခတ်မှုများအတွင်း ပစ်မှတ်ကို ၅ ကြိမ်ထက်မနည်း တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၈ နာရီခန့်မှ စတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခန့်အချိန်ထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် နောင်ပိုအောင် စံပြ ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အောင်ပင် ကျေးရွာရှိ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များမှ ဆေးဝါးကုသပေးထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခန္တီးခရိုင်အမှတ် ၁ တပ်ရင်း ၊ HPDF -124 တပ်ရင်း ၊ HPDF – မိုးကြိုးတပ်ဖွဲ့ ၊

ဟုမ္မလင်းမြို့နယ်ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ (ဟုမ္မလင်း-ပလဖ) ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကာ လွှစင်ကုန်းကျေးရွာ၌ ဆက်လက် တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။

လွှစင်ကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်အုပ်စုတို့ ဆက် လက်တပ်စွဲကာ မျက်နှာချင်းဆိုင်ထားသဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်ပြီး မိဘပြည်သူများ အ နေဖြင့် ခရီးသွားလာရာတွင် စစ်ရေးသတိအမြဲရှိပေးကြပါရန် HPDF – 124 တပ်ဖွဲ့မှ အသိပေးထားသည်။

HPDF -124 တပ်ဖွဲ့အနေဖြင့် “မြို့သိမ်းချီတက် ဒို့စက်လက်” ကမ်ပိန်းပြုလုပ်နေပြီး ယနေ့ ၁၀ ရက် မြောက်နေ့အထိ သတ်မှတ်ထားသည့် target ရောက်ရှိရန် ရာခိုင်နှုန်း ၉၀ ကျော်အထိ လိုအပ်နေသဖြင့် မိဘပြည်သူများမှ ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article