31 C
Yangon

မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး အလုံး ၁၀၀ ခန့် ကျဲချ တိုက်ခိုက်

Must read

မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး အလုံး ၁၀၀ ခန့် ကျဲချ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၅

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး အလုံး ၁၀၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ အစိုးရဘဏ် အနောက်တွင်ရှိ ရုံးများ၊ အမက ၂ ကျောင်းနှင့် မြိုင်-မန္တလေးဂိတ် တို့ကို Fixed Wings Drone များဖြင့် ၃ ရက် ဆက်တိုက် အီနာဂါ Drop Bombs အလုံးရေ ၁၀၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ တိုက်ခိုက်မှုတွင် မောင်းသူမဲ့လေယာဥ်များဖြင့် ဗုံးသီးများ ကျဲချရာ စစ်တပ်ဘက်မှ အထိနာသောကြောင့် လက်နက်ကြီး ၇ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ မြိုင်-မန္တလေး ဂိတ်အရှေ့ဘက်ထိ စစ်တပ်က အင်အား ၄၀ ခန့်ဖြင့် တက်လာရာ ပေါက်ပြင်းလမ်းဆုံအရောက်တွင် ဗိုလ်မြွေဆိုးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ မြို့ထဲကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်မှုတွင် ပျူ‌စောထီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုင်ဝင်ဘာလ ၄ ရက်နေ့ တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပျူစောထီးများကို နာရေးကားများဖြင့် မြိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီးအကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၅ လုံးခန့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaing U.A.V Fighter၊ MPLတိုက်နယ်-၄ ပကဖ၊ မြိုင်ပကဖ ရင်း-၂ ခွဲ-၃၊ မြိုင်ပကဖ ရင်း-၂ ခွဲ-၄၊ Earthquake PDF နှင့် ဗိုလ်မြွေဆိုး အဖွဲ့ တို့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖော်ဆောင်လျှက်ရှိသော Operation 1027 အား ထောက်ခံကြိုဆိုသော အနေဖြင့် ဂျိုးဖြူစစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article