36 C
Yangon

ယင်းမာပင်နှင့်ပုလဲမြို့နယ်တို့ တွင် စစ်ကြောင်းကို မိုင်းဆွဲခြင်းနှင့် စစ်တပ်အထိုင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံးနိုင်

Must read

ယင်းမာပင်နှင့်ပုလဲမြို့နယ်တို့ တွင် စစ်ကြောင်းကို မိုင်းဆွဲခြင်းနှင့် စစ်တပ်အထိုင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံးနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲခြင်းနှင့် စစ်တပ်အထိုင်စခန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ၊ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၂၉ တပ်ရင်း ဒေါင်းမင်း PDFက ပုလဲမြို့မှ ထွက်လာသော စစ်ယာဥ်တန်းနှင့် ခြေလျင်ဖြန့်ဆင်းလာသော ကျားဘီးလူးစစ်တပ်စစ်ကြောင်းကို လက်တောင်းကြီးနှင့်သရက်ကန်ရွာ အကြားတွင် ပဒေဿာမိုင်း ၈ လုံး၊ ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေါင်းမင်း PDFမှ ဗိုလ်အိုင်အိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျားဘီးလူးစစ်ကြောင်းကို ပဒေဿာမိုင်း၈လုံး၊ ရှေ့ထွက်မိုင်းတွေနဲ့ ဧည့်ခံကျွေးမွေး ခဲ့ရာမှာ စစ်တပ်က ၁၀ ကောင်ကျော် နေရာမှာတင် ပွဲချင်းပြီး သေဆုံးပါတယ်။ အလောင်းတွေကို အားယာဥ်တန်းမှာ ပါလာတဲ့ ကားပေါ်သို့ဆွဲ တင်သွားပါတယ်”ဟု ဗိုလ်အိုင်အိုက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ၄နာရီ၂၀မိနစ် အချိန် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်း၊ ရွှေတောင်ဦးကုန်းနှင့် သီတဂူကျောင်းဝင်းအတွင်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်နေရာ ၂ ခုကို Black Vote Fighterအဖွဲ့၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ FBGA ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA၊ SBTF ၊ EAGLE Defense Force Salingyi အပါအဝင် ယင်းမာပင် နှင့် ဆားလင်းကြီး မဟာမိတ်တပ်ပေါင်းစုနှင့်မဟာမိတ်ညီနောင်များက တာဝေးပစ်လက်နက်ကြီး ၆၀မမ၊ ၈၀မမ၊ ၁၂၀ မမ၊ရှော့တိုက် ဒုန်းများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်သို့လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်ပါတယ်။ စစ်တပ်ဘက်ကလည်း အ​ပြန်အလှန် လက်နက်ကြီး၊ လက်န က်ငယ် ၆၀ မမ တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိပါဘူး” ဟု Black Vote မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article