38 C
Yangon

နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို TNLA က အပြီးသတ်ရှင်းလင်းဟုဆို၊ စစ်တပ်စခန်း တစ်ခုကျန်ရှိနေပြီး နမ့်ခမ်းမြို့ နေရာအများစုတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်ထား

Must read

နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို TNLA က အပြီးသတ်ရှင်းလင်းဟုဆို၊ စစ်တပ်စခန်း တစ်ခုကျန်ရှိနေပြီး နမ့်ခမ်းမြို့ နေရာအများစုတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့စစ်များကို တအာင်း TNLA က အပြီး သတ်ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းမှစတင်၍ နမ့်ခမ်းမြို့တွင်၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကို တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ရာ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ်ရှင်းလင်းလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့ ပြည်သူများနှင့် အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က နမ့်ခမ်းမြို့နေရာအများစုတွင် စစ်တပ်နှင့်ရဲများ မရှိတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့များသာရှိတော့ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်း တော်လှန်ရေးတပ်များ ဝင်ရောက်လာချိန် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝန်ထမ်းများ ရုံးများမှ ထွက်ပြေးသွားကြကြောင်း၊ လက်ရှိ နမ့်ခမ်းမြို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ အပြည့်အ၀ ထိန်းချုပ်မှု အောက်ရောက်ရှိပြီဟု ဆိုနိုင်ကြောင်း ၊ စစ်တပ် တပ်စခန်းတစ်ခု ကျန်ရှိနေသေးပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ပြောဆိုသည်။

“နိုဝင်ဘာ ၄ ရက်လောက်ကတည်းက စစ်သားနဲ့ရဲတွေ နမ့်ခမ်းမြို့မှာ မမြင်ရတော့ဘူး။ မြို့သူမြို့သားတချို့ စစ်ဘေးရှောင်ရပေမယ့် မြို့ထဲမှာပဲ ဆက်နေသူလည်းရှိတယ်။ မြို့ထဲမှာတော့ တော်လှန်ရေးအဖွဲ့တွေ လုံခြုံရေးယူတာ မြင်ရတယ်။ မြို့သိမ်းတော့မယ့် အခြေအနေလို့ ပြောလို့ရတယ်။ စစ်တပ်စခန်းတစ်ခုတော့ရှိနေသေးတယ်။ တိုက်ပွဲလည်းဆက်ဖြစ်နေတယ်” ဟု နမ့်ခမ်းမြို့ ပြည်သူများနှင့်အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- နမ့်ခမ်းမြို့လယ်ဘုရားဝင်း မြင်ကွင်း။

Photo- CJ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article