27 C
Yangon

လောက်ကိုင်မြို့ကို သိမ်းပိုက်ရေး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ဆင် ရေး အရှိန်အဟုန်မြှင့်တင်နေပြီး ယမန်နေ့ ညနေပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွား

Must read

လောက်ကိုင်မြို့ကို သိမ်းပိုက်ရေး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ဆင် ရေး အရှိန်အဟုန်မြှင့်တင်နေပြီး ယမန်နေ့ ညနေပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသ ပြန်လည်ရရှိရေးအတွက် စစ်ဆင် ရေး အရှိန်အဟုန်မြှင့်တင်နေပြီး ယမန်နေ့ ညနေပိုင်းမှစတင်၍ လောက်ကိုင်မြို့အနီးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ၎င်းတို့၏ စစ်ဆင်ရေးပစ်မှတ်များထဲမှ တစ်ခုဖြစ်သော “လောက်ကိုင်ဒေသပြန်လည်ရရှိရေး” အတွက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းတွင် တရားဝင် ကြေညာပြီးနောက် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ခဲ့သော တာရွှေထန်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လောက်ကိုင်မြို့အနီးတွင်လည်း ယမန်နေ့ညနေပိုင်းအချိန်တွင် ရင်ဆိုင်တိုက်ပွဲတစ်ချို့ရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လောက်ကိုင် ဒကစ မှတစ်ဆင့် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။

“လောက်ကိုင် ဒကစထဲကနေ မနေ့ညက လက်နက်ကြီးတွေ ပစ်နေတယ်။ လက်နက်ကြီးပစ်တာ ဘယ်လောက်များလဲဆိုရင် လျှပ်စီးလက်နေတဲ့အတိုင်းပဲ ကောင်းကင်မှာ လက်နက်ကြီးကျည် မီးတွေက ကောင်းကင်မှာ လက်နေတာ။ အတွဲလိုက် ဒုန်းတွေ လည်းပါတယ်” ဟု လောက်ကိုင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး သည် နိုဝင်ဘာလ ၇ ရက်နေ့ အထိ ၁၂ ရက်တာကာလအတွင်း စစ်ကောင်စီ ၏တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၁၉ ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လောက်ကိုင်ဒကစက အတွဲလိုက်ဒုံးများကို ယမန်နေ့ ညပိုင်း ပစ်ခတ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article