37 C
Yangon

ကျောက်မဲမြို့ရှိ စစ်တပ် တပ်ရင်းများက နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းနေ

Must read

ကျောက်မဲမြို့ရှိ စစ်တပ် တပ်ရင်းများက နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်ရင်းများက နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်ရင်းများနှင့် အမြောက်တပ်တို့က နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

“ကျောက်မဲမြို့မှာ ရှိတဲ့ တပ်ရင်းတွေကို ရဟတ်ယာဥ်နဲ့ လက်နက် ရိက္ခာတွေ လာပို့နေပါတယ်။ နောင်ချိုဘက်ကိုလည်း ကျောက်မဲမြို့က စစ်တပ်ရင်းတွေက လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ အမြောက်တပ်၊ ခမရ ၅၀၁ ၊ ၅၀၂ နဲ့ လေတပ်ရှိတယ်။ အားလုံးက ကပ်နေတာဆိုတော့ ဘယ်တပ်က ပစ်နေတာလဲ မသိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article