29 C
Yangon

ထားဝယ်မြို့ပေါ်တွင် မြို့ပြမစ်ရှင်များ ဖော်ဆောင်ရန် Guerrilla Dawei အဖွဲ့က မောင်းပြန် ၅ လက်ရရှိရေး ကမ်ပိန်းပြုလုပ်မည်

Must read

ထားဝယ်မြို့ပေါ်တွင် မြို့ပြမစ်ရှင်များ ဖော်ဆောင်ရန် Guerrilla Dawei အဖွဲ့က မောင်းပြန် ၅ လက်ရရှိရေး ကမ်ပိန်းပြုလုပ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် မြို့ပြမစ်ရှင်များ ဖော်ဆောင်ရန် Guerrilla Dawei အဖွဲ့က မောင်းပြန် ၅ လက်ရရှိရေး ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့) က ”မြို့ပြမစ်ရှင်ဖော်ဆောင်ဖို့ ဝိုင်းဝန်းကူညီအားဖြည့်စို့” ဆိုတဲ့ ပရောဂျက်လေးကို ပြုလုပ်မည်ဖြစ်ကြောင်း၊ Guerrilla Dawei အဖွဲ့သည် ထားဝယ်မြို့၏ တစ်ခုတည်းသော ထားဝယ်မြို့ပြ မြေအောက် တော်လှန်ရေး UG အဖွဲ့စည်းဖြစ်​ပြီး တနင်္သာရီတိုင်း တစ်တိုင်းလုံးတွင် မြို့ပြမစ်ရှင် အများဆုံး ဖော်ဆောင်ခဲ့သည့် မြို့ပြ UG တပ်ဖွဲ့တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Guerrilla Dawei အဖွဲ့၏ မြို့ပြစခန်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့၌ စီးနင်းခံခဲ့ရပြီး လက်နက်ခဲယမ်း အားလုံး အပါအဝင် Guerrilla Dawei ရဲဘော်တစ်ချို့လည်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

ထို့ကြောင့် ဆက်လက်၍ မြို့နယ်များမှ မြို့ပြဆီကို ပြန်လည် ဝင်ရောက်ပြီး မြို့ပြမစ်ရှင်များ ဆောင်ရွက် နိုင်ရန် (မောင်းပြန် ၅ ဝယ်ယူရန်အတွက်) ”မြို့ပြမစ်ရှင်ဖော်ဆောင်ဖို့င်းဝန်းကူညီအားဖြည့်စို့” ဆိုသည့် ငွေကျပ်သိန်း ၇၅၀ ရရှိရေး ပရော့ဂျက်တွင် ထားဝယ်တစ်မြို့နယ်လုံးအပါအဝင် ဒေသအသီးသီးမှ တော်လှန်သော ပြည်သူများ ကူညီ အားဖြည့်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း တိုက်တွန်းထားသည်။

မောင်းပြန်တစ်လက် 135000 ဘတ် ၊ ကျည်တစ်တောင့် 65 ဘတ်၊ မောင်းပြန်5လက်အတွက် 675000 ဘတ်၊ ကျည် 1000 အတွက် 65000 ဘတ် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။ ူ

တော်လှန်သော ပြည်သူများနှင့် ထောက်ပို့ရဲဘော် ညီအကိုမောင်နှမများ အနေဖြင့် မိမိတတ်နိုင် သောအင်အားဖြင့် ပူးပေါင်းပါဝင် ကူညီအားဖြည့် လှူဒါန်းရင်း မြို့ပြမစ်ရှင်တွေမှာ အုပ်တစ်ချပ်အဖြစ် သဲတစ်ပွင့်အဖြင့် ပါဝင်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ကြောင်း Guerrilla Dawei ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကမ်ပိန်းတွင် ပါဝင်မည့် အလှူရှင်များအနေဖြင့် Guerrilla Dawei အဖွဲ့၏ https://www.facebook.com/profile.php?id=100064420585698… facebook Page ကို ဆက်သွယ်လှူတန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article