37 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား

Must read

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား

■ ကျေးရွာ ၅ ကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ဒေသ ပြည်သူများနှင့် လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းကာ ထပ်မံ စစ်ကြောင်းထိုးလာပြီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးပြီး မျော်ရစ်ဘုရားဘက်ကို စစ်ကြောင်း ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိချိန်တွင် လောင်းလုံးမြို့နယ်ရှိ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီးနှင့် ကမ်းပနီရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာတို့မှ ပြည်သူ ၁၀ ဦးထက်မနည်းကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြန်လည်လွတ်​​မြောက်လာသူ တချို့ရှိကြောင်းသိရသည်။

“မနေ့က စစ်ခွေး စစ်ကြောင်းနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့ အင်အားထပ်ဖြည့်ပြီး ပြန်ဝင်လာကြတယ်။ အခု ကမ်းပနီရွာမှာ ရှိတဲ့ နေအိမ်တွေကို မီးရှို့ပြီး မျော်ရစ်ဘုရားဘက် စစ်ကြောင်း ဆက်ထိုးသွားနေတယ်။ ထိတွေ့မှုတွေ ရှိနေသေးလို့ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article