ရေစကြိုမြို့နယ်တွင် အောင်သပြေ လူထုလှုပ်ရှားမှု အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရေစကြိုမြို့နယ်တွင် အောင်သပြေ လူထုလှုပ်ရှားမှု အဖြစ် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ရေစကြိုမြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီမှ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ)နှင့် နွေဦးစစ်သည်-YSO ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။