25 C
Yangon

ကျိုက်မရော၊ ချောင်းနှစ်ခွ နယ်မြေရဲစခန်းနှင့် တံတားဂိတ် စခန်းကို တိုက်ခိုက်ခဲ့သည့် ၆ ရက်တာတိုက်ပွဲအတွင်း ဗိုလ်မှူး ၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် စစ်သား ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံ

Must read

ကျိုက်မရော၊ ချောင်းနှစ်ခွ နယ်မြေရဲစခန်းနှင့် တံတားဂိတ် စခန်းကို တိုက်ခိုက်ခဲ့သည့် ၆ ရက်တာတိုက်ပွဲအတွင်း ဗိုလ်မှူး ၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် စစ်သား ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာ နယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို တိုက်ခိုက်မှုတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်တာ တိုက်ပွဲအတွင်း ဗိုလ်မှူး၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံကြောင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F နှင့် ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲများမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၁၂ နာရီ အချိန်တွင် ၄င်းစခန်းနှစ်ခုဆီသို့ စစ်ကူလာသော တပ်မ – ၂၂ လက် အောက်ခံ ခလရ – ၈၁ စစ်တပ် စစ်ကြောင်းနှင့် S.O.F စစ်ကြောင်း ၂ တို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒါဏ်ရာပြင်းထန်ရခဲ့ကာ ခဲယမ်းကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်မှစကာ ဘုရားကုန်းအနီးတွင် နေရာယူထားသော အင်အား ၅၄ ဦးရှိ စစ်တပ်စစ်ကြောင်းနှင့် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်တစ်ဦး ပေါင်း ၂ ဦး စနိုက်ပါထိမှန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာတွင် ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် စစ်တပ်ဘက်မှ အကျအဆုံးများစွာဖြင့် လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ ဗိုလ်မှူး ၁ ဦး၊ ဒုဗိုလ်၂ ဦး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး အရှင်ဖမ်းမိခဲ့ကာ ၁၂ ဦး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ညတွင် ဆုတ်ခွာထွက်ပြေးသွားသော စစ်ကြောင်းကို ထပ်မံပိတ်ဆို့ရှင်းလင်းခဲ့ရာ စစ်သား ၅ ဦး သေဆုံးကာ လက်နက်များထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲ ၆ ရက်တာအတွင်း စစ်သားသေဆုံးသည့်အရေအတွက် ၂၂ ဦး၊ လက်နက်ချအညံ့ခံသော စစ်သား ၂၈ ဦးနှင့် လက်နက်မျိုးစုံ ၅၅ လက်ရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော် ၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article