25 C
Yangon

တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးကာ PDF ၁ ဦးကျဆုံး

Must read

တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးကာ PDF ၁ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့‌ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တ်ိုက်ပွဲဖြစ်ပွားခဲ့ရာ စစ် တပ် ဘက်မှ အရာရှိ တစ်ဦးအပါအဝင် ၃ဦး သေဆုံးခဲ့ပြီး၊ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ‌‌ဒေသကာ ကွယ်ရေး သတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ်၁၂နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာ ပျူစောထီးအထိုင်စခန်းမှ တန့်ဆည်မြို့သို့ ‌ဈေးဝယ်ထွက်လာသော စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသည့်ကားကို ရွှေဘိုခရိုင် အမှတ်(၂၅) တပ်ရင်းက စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၃နာရီခန့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ‌ရွှေဘိုခရိုင် အမှတ်(၂၅) တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး စစ်ဗိုလ်တစ်ဦး အပါအဝင် စစ်သားနှင့် ပျူစောထီး ၃ဦး သေဆုံး၍ ၂ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း၊ တန့်ဆည်မြို့မစခန်းနှင့် ဆင်ငယ်ရွာ အထိုင်စခန်းမှ စစ်အင်အားအလုံးအရင်း စစ်ကူလာရောက်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက တန့်ဆည်မြို့‌ မြောက်ဘက်အဝင် မောင်းတံဂိတ်နားလေးမှာပါ။ ဆင်ငယ်ရွာနဲ့ တန့်ဆည်က ကပ်လျက်ဆိုတော့ မြို့ထဲကနေရော ဆင်ငယ်ရွာ စခန်းကနေရော စစ်‌ကူတွေ ရောက်လာတာနဲ့ အပြီးတိုင် မရှင်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ် ပြောတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ကင်းလှည့်နေခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် မြို့ခံပြည်သူများ ပုန်းရှောင်နေခဲ့ရကြောင်း သိရသည်။

တန့်ဆည်မြို့နယ်တွင် ၂၀၂၃ခုနှစ် တစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ ၃၇ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၉၀ကျော် သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ‌၆ဦး ကျဆုံးခဲ့ရကြောင်း၊ စစ်တပ် အထိုင်ချစခန်း ၅ခုကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၃၃လက် ရရှိခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article