33 C
Yangon

ကိုးကန့်ခရိုင်ရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထား

Must read

ကိုးကန့်ခရိုင်ရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထား

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထားကြောင်း MNDAA ၏ ပြန်ကြားရေးဖြစ်သော The Kokang က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ခုတ်ထန်တပ်စခန်းကို MNDAA က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် တွင် MNDAA က ကိုးကန့်ခရိုင်၊ ရှီးရှမ်း‌ဒေသရှိ ရှင်းဖောက်လုပ် တပ်စခန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်ဘာလ ၁၇ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်စခန်း ၁ ခုကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင် MNDAA က ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ တပ်စခန်း ကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆင်နွှဲနေသည့် ၁၀၂၇ စစ်‌ဆင်ရေး ဖော်ဆောင်ခဲ့သည့် ၂၂ ရက်မြောက်နေ့တွင် ကိုးကန့် MNDAA က တပ်စခန်း စုစုပေါင်း ၁၅၂ ကိုသိမ်းပိုက်နိုင်ခဲ့ကာ MNDAA ၏ အခြားစစ်ကြောင်းများလည်း စစ်ကောင်စီနှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article