Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော် လုံခြုံရေး အခြေအနေအရ လို့ပြောပြီး စစ်သင်တန်းတက် ထားတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်း သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို နေပြည်တော် စစ်ရုံးကို အမြန်ပေးပို့ဖို့ လျှို့ဝှက် အမိန့်ထုတ်ပြန်လိုက်ပြန်ပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးဟာ နိုင်ငံလုံးအဆင့် စစ်ဆင်ရေးရဲ့ ပထမအဆင့် အဖြစ် ပြောင်းလဲသွားပြီဖြစ်တယ်လို့ မြောက်ပိုင်း ညီနောင် မဟာမိတ်၃ ဖွဲ့ကနေ တရားဝင် ကြေညာလိုက်ပါတယ်။
– မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချမှုကြောင့် ချောင်းနှစ်ခွတံတား ကျိုးကျသွားပြီး ၊ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
