25 C
Yangon

သံတောင်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး ၊ ငါန်းဇွန်တွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး

Must read

သံတောင်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး ၊ ငါန်းဇွန်တွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ​အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊​ နေပြည်​တော်စစ်တိုင်းဌာန၊ တပ်ရင်း ၈၀၄ မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ​အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊​နေပြည်​တော်စစ်တိုင်းဌာန၊ဗျူဟာ၁ (အမှတ် ၈၀၄ တပ်ရင်း၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်​ရေးအဖွဲ့ပူး​ပေါင်းစစ်​ကြောင်း)စစ်​ကြောင်းက နယ်​မြေစစ်ဆင်​ရေး​ဆောင်ရွက်စဥ် ကရင်ပြည်နယ် သံ​တောင်ကြီးမြို့နယ် ကမာဒီပိုလီ​ရွာအနီးတွင် စခန်းချတပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်း နှင့် ထိ​တွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အ​သေအ​ပျောက်အထိခိုက်များရှိပြီး​​​ တော်လှန်ရေးရဲ​ဘော်တစ်ဦးတင်ပါးရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး

စစ်သား ၁၂ ဦးဒဏ်ရာရရှိကြောင်း ၊ တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်ကောင်စီတပ်သား ရုပ်အလောင်းများကို ကမာဒီပူလီရွာအနီး တောင်ယာများ၌ မြုပ်နှံသွားကြောင်း၊ ဒဏ်ရာရရှိသူများကို ထမ်းပိုးခေါ်ဆောင်ရန် ရွာသားများအား အတင်းအဓ္ဓမ ခေါ်ဆောင်သွားကြောင်းသိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ၊ ငါးဇွန်မြို့နယ်၊ ထနောင်းပင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က SHAR HTOO WAWနည်းပညာFIXED WING DRONE ဒရုန်းလေယာဉ်ဖြင့် ဗုံး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article