25 C
Yangon

အင်းတော်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

အင်းတော်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ နဘားလမ်းဆုံ စော်မော်ချောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Indaw Revolution – IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းတော်မြို့နယ်ရှိ နဘားလမ်းဆုံ စော်မော်ချောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံးကျဲချကာ လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး ။ ဒီအတိုင်း လေယာဉ်က အကြောင်းမဲ့ လာကျဲတာ။ ဆိုင် ၁ ဆိုင် မီးလောင်ခဲ့တယ်။ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ ၃ ဘီးဆရာတစ်ယောက်သေသွားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက် စစ်တပ်၏ အဆိုပါ ပစ်ခတ်မှုသည် ပြည်သူများရှိသည့်နေရာကို တမင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်းတော်စစ်တပ်ကုန်းမှလည်း အဆက်မပြတ်လက်နက်ကြီးများနှင့် လှမ်း၍ ပစ်ခတ်ကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။

“အဲဒီနေရာမှာ ဆိုင်တွေ ရှိတယ်လေ။ အဲဒီနေရာက ရွာလည်း မဟုတ်ဘူး၊ ရပ်ကွက်လည်း မဟုတ်ဘူး။ စော်မော်ချောင်းဆိုတဲ့ နေရာမှာ သီးခြား ။ မန္တလေး မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်မှာ ရှိတဲ့အတွက် ဈေးဆိုင်တွေ ၊ ဝက်ခ်ရှော့တွေ ရှိနေတဲ့နေရာ။ ပြည်သူတွေကို တမင်လာပစ်သွားတာ” ဟု Indaw Revolution – IR မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article