26 C
Yangon

ခင်ဦးမြို့နယ်တွင် ၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ ကျင်းပ

Must read

ခင်ဦးမြို့နယ်တွင် ၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေး အစိုးရ ကြားကာလ အခြေခံပညာ ကျောင်းတစ်ကျောင်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ၃၄ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ဆရာဆရာမများ ကျောင်းသားကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို မြို့နယ် အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာတာဝန်ခံမှ ဦးဆောင်ကျင်းပခဲ့ပြီး ပြည်သူကာကွယ်ရေးအဖွဲ့များ မြို့နယ်အဆင့်တာဝန်ခံအသီးသီးမှ တက်ရောက်ကာ ကလေးသူငယ်တိုင်း အခွင့်အရေးအပြည့်အဝ ရရှိရေးနှင့်ကလေးသူငယ်ဆိုင်ရာ ကူညီစောင့်ရှောက်ရေး ဟောပြောကာ အပြည်ပြည်ဆိုင်ရာကလေးများနေ့ ပန်းချီပြိုင်ပွဲ(အလယ်တန်းအဆင့်)ကျင်းပပြုလုပ်ခဲ့ပြီး ဆုလက်ဆောင်များချီးမြှင့်ခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article