25 C
Yangon

မြင်းခြံမြို့နယ်ရှိ ပျူစောထီး စခန်း ၁ ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး၊ ပခုက္ကူနှင့် မြိုင်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မြင်းခြံမြို့နယ်ရှိ ပျူစောထီး စခန်း ၁ ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး၊ ပခုက္ကူနှင့် မြိုင်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ငုတ်တိုရွာ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း ခွပ်ဒေါင်းမာန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက် ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်း တပ် စွဲထားသည့် မြင်းခြံမြို့နယ်၊ ညောင်ငုတ်တိုပျူစောထီးစခန်းကို လက်လုပ် ၈၀ မမ ၁၀ လုံး၊ လက်လုပ် ရော့ကတ် ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၄ နာရီလောက်ကတည်း စပစ်တာပါ၊ လက်လုပ် ၈၀ မမ ၁၀ လုံးလောက်၊ လက်လုပ် Rocke ၈ လုံးပစ်ခဲ့ပါတယ်၊ စစ်ခွေးတွေဘက်လည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာ ကျနော်တို့ဘက် ကတော့ အထိအခိုက်မရှိခဲ့ပါဘူး၊ စစ်ခွေးတွေဘက်က ၁ ဦးသေပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အတွင်းသတင်းပေးက ပြောပါတယ်” ဟု ခွပ်ဒေါင်းမာန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ခွပ်ဒေါင်းမာန် LPDF ၊ မြောင်မြို့နယ် ပကဖ ၊ ရွာပုလဲ တိုက်နယ် ပကဖ၊ ရပ် ကျေးပကဖ နှင့် အခြားမဟာမိတ်တပ်ရင်းများ၊ LPDF များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ အတွင်းနှင့် မြိုင်မြို့နယ်၊ တွင်းမပျူရွာအတွင်းသို့ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူမြို့၊ တပ်မ ၁၀၁ အတွင်းသို့ အီနာဂါဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ်၊ တွင်းမ(ပျူ)ရွာအတွင်းသို့ ဗုံးသီး ၇ လုံးကျဲ ချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၅ ၊ MRTF ၊ PKU Thurian တပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article