30 C
Yangon

နွေဦးဘဏ် အစုရှယ်ယာများ ၇၂ နာရီအတွင်း ဒေါ်လာ ၅ သန်းဖိုး ရောင်းချရ

Must read

နွေဦးဘဏ် အစုရှယ်ယာများ ၇၂ နာရီအတွင်း ဒေါ်လာ ၅ သန်းဖိုး ရောင်းချရ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန မှ ဖွင့်လှစ်ထားသည့် နွေဦးဘဏ်အစုရှယ်ယာများ ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရောင်းချခဲ့ရ ကြောင်း နွေဦးဖွံ့ဖြိုးရေးဘဏ် ၊ အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်က ပြောကြားသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှ၍ နွေဦးဘဏ်အစုရှယ် ဒေါ်လာ ၁၀ သန်း ရောင်းချမှုစတင်ခဲ့ရာ ၇၂ နာရီအ တွင်း အမေရိကန် ဒေါ်လာ ၅ သန်းဖို့ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ အနည်းဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ၁၀ ဒေါ်လာမှ စတင်ဝယ်ယူနိုင်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၇၂ နာရီအတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အကောင့်သစ်ဖွင့်သူ ၂၀၀၀၀ (နှစ်သောင်း) ခန့်ကို ကြိုဆို လက်ခံ နိုင်ငံခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၇၂ နာရီအတွင်းမှာပဲ နွေဦးဘဏ် အစုရှယ်ယာ တိုကင် ဝယ်ယူမှု အမှာစာ အမေရိကန် ဒေါ် လာ ၅ သန်းအထိ ရရှိခဲ့တဲ့ အပြင် နိုင်ငံပေါင်း ၃၃ နိုင်ငံက အကောင့် အသစ်ဖွင့်သူ ၂၀,၀၀၀ ခန့်ကို ကြိုဆိုလက်ခံခဲ့တဲ့ အထူးခြားဆုံး သမိုင်းမှတ်တိုင်တွေကို ကျွန်တော်တို့ စိုက်ထူခဲ့ကြပါတယ်။ ယခုလို အောင်မြင်မှုတွေဟာ နွေဦးဘဏ်မှာသက်ဆိုင်ပါဝင်သူတွေရဲ့ ယုံကြည်မှု နှင့် ကတိကဝတ်ပြုမှု ကို ထင်ဟပ်စေပါတယ်။ ဒီအောင်မြင်မှုမှာ ပါဝင်ခဲ့သူတိုင်း အားလုံးကို ကျွန်တော်တို့ လှိုက်လှဲစွာ ကျေးဇူး တင်ရှိပါတယ်။” နွေဦးဖွံ့ဖြိုးရေးဘဏ် ၊ အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်က ပြောကြားသည်။

ဘဏ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ပြည်သူ့ဓန ဆက်ဆံရေး အရာရှိ RMs ပေါင်း ၁၈၀ ဦးရှိပြီး ၎င်းတို့သည် သက်ဆိုင်ရာ အလုပ်တာဝန်များကြားမှ ဟန်ချက်ညီစွာ အကောင်းဆုံးဖြစ် စေရန် အနစ်နာခံပေးနေခြင်းဖြစ်ကြောင်း သိရသည်။

နည်းပညာ နှင့် ဝန်ဆောင်မှုရေးရာ အခက်အခဲများကြောင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအချို့ကို နား လည် သိရှိထားပြီး ယင်း အခက်အခဲများကို ကျော်လွှားနိုင်ရန် အဖွဲ့သားအားလုံး တက်တက်ကြွကြွ ကြိုး စားနေသဖြင့် စိတ်ရှည် သည်းခံမှုဖြင့် နားလည်စောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article