25 C
Yangon

မူဆယ်ရှိ အထက်တုန်ခန်ရွာနှင့် တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၆ ဦး ဒဏ်ရာရ

Must read

မူဆယ်ရှိ အထက်တုန်ခန်ရွာနှင့် တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ အထက်တုန်ခန်ရွာအနီးရှိ နမ္မတူနွားခြံကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် မူဆယ်မြို့နယ်၊ အထက်တုန်ခန်ရွာအနီးရှိ နမ္မတူနွားခြံကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့​​ပြီး လေကြောင်းဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

“105 မိုင် အနီး အထက်တုန်ခန်ရွာက နမ္မတူ နွားခြံကို စစ်ခွေးတွေ လေယာဥ်နဲ့ ဗုံးကျဲတာ ပြည်သူ ၃ ဦးထိတယ်။ ၁ ဦး အခြေအနေပဲ သိရသေးတယ်။ ဒဏ်ရာစိုးရိမ်ရတယ်။ စစ်တပ်က ဆက်တိုက်ကို ကျဲနေတာဆိုတော့ တခြားထိခိုက် ပျက်စီးတာတွေလည်း ရှိနိုင်တယ် အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့ အရှေ့ဘက် သောက်ရေခပ်တမံ အနီးရှိ နဂါးမောက်ရွာနှင့် ကျောက်ပါးစပ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် တချို့ ပျက်စီးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် တောင်ငူမြို့ အရှေ့ဘက် သောက်ရေခပ်တမံ အနီးရှိ နဂါးမောက်ရွာနှင့် ကျောက်ပါးစပ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“တောင်ငူမြို့ အရှေ့ဘက် သောက်ရေခပ်တမံအနီးက ‌နဂါးမောက်ကျေးရွာနဲ့ ကျောက်ပါးစပ်ရွာကို စစ်တပ်က တိုက်လေယာဥ်နဲ့ ပစ်သွားတာ ကျောက်ပါးစပ်ရွာက ပြည်သူ ၂ ဦးနဲ့ နဂါးမောက်ရွာက ၁ ဦး ထိခိုက်မှုရှိတယ်။ ဒီနေ့ ၃ နာရီခွဲလောက်က လာပစ်တာပါ ထိခိုက် ဒဏ်ရာရရှိသူတွေထဲမှာ ၁ ဦးကတော့ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article