25 C
Yangon

မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်၍ တွဲကား ၂ စီးနှင့် ဆီဆိုင်တစ်ဆိုင် မီးလောင်

Must read

မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်၍ တွဲကား ၂ စီးနှင့် ဆီဆိုင်တစ်ဆိုင် မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပို်ငး၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နှင့်ကျောက်မဲမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် တွဲကား ၂ စီးနှင့် ဆီဆိုင် တစ်ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း TNLA ကပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်တပ် စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို တအာင်း တပ်မတော် PSLF/TNLA က ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အထိ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ ၁၀၅ မိုင် တပ်စခန်းကို ကိုးကန့် တပ်မတော် MNDAA နှင့် တအာင်းတပ်မတော် TNLA တို့က ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် ၂ ကြိမ် ပစ်ကူပေး တိုက် ခိုက်ခဲ့ သည့်အပြင် နမ့်ပေါ်တပ်စခန်းဘက်တွင်လည်း မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန် အကြမ်းဖက် စစ် ကောင်စီတပ် လေကြောင်းဖြင့် ခဲယမ်း၊ ရိက္ခာ လာရောက်ကျဲချခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီခန့်က ကျောက်မဲမြို့နယ်၊ အေရှာဝေါတိုးဂိတ်တွင် တအာင်း တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အသုံးပြုပစ်ခတ်ခဲ့ရာ အေရှာဝေါတိုးဂိတ်အနီးရှိ တွဲကား၂ စီး၊ ဆီဆိုင်၁ ဆိုင်တို့ မီး လောင် ဆုံးရှုံးခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီ ၃၁ မိနစ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ၁၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ကွတ်ခိုင်မြို့နယ်နှင့်မုံးစီးမြို့နယ်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က Mi 35ရဟတ်ယာဉ် ၊တိုက်လေယာဉ် တို့ဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၈ ရက် ညနေ ၆ နာရီ မိနစ် ၃၀ အချိန်တွင်လည်း နမ့်ဖတ်ကာမြို့ရှိ စစ်ကောင်စီနမ့်ဖတ်ကာတပ်စခန်းက နမ့်ဖတ်ကာမြို့ပြင် အနီး တဝိုက်ကို လက်နက်ကြီးဖြင့် ၈ ကြိမ်၊ ယနေ့ နံနက် ၇ နာရီ မိနစ် ၅၀ အချိန်တွင် နောင်ချိုမြို့နယ် ၊ လယ်ဇီးတောကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၁၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article