25 C
Yangon

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွစခန်းသို့ စစ်ကူလာသော စစ်တပ်နှင့် BGF နယ်ခြားစောင့်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး၊ BGF စစ်ကြောင်းမှူး ဗိုလ်မှူး နော်တယာ အပါအဝင် စစ်တပ်ဘက်မှ ၁၁ ဦး သေဆုံး

Must read

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွစခန်းသို့ စစ်ကူလာသော စစ်တပ်နှင့် BGF နယ်ခြားစောင့်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး၊ BGF စစ်ကြောင်းမှူး ဗိုလ်မှူး နော်တယာ အပါအဝင် စစ်တပ်ဘက်မှ ၁၁ ဦး သေဆုံး

■ လက်နက် ၁၅ လက် သိမ်းဆည်းရရှိပြီး စစ်သား ၄ ဦး လက်နက်ချ အလင်းဝင်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွစခန်းသို့ စစ်ကူလာသော စစ်တပ်နှင့် BGF နယ်ခြားစောင့်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး၊ BGF စစ်ကြောင်းမှူး ဗိုလ်မှူး နော်တယာ အပါအဝင် စစ်တပ်ဘက်မှ ၁၁ ဦး သေဆုံးကြောင်း နဂါးနီစစ်ကြောင်းက တရားဝင် ပြောဆိုထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးစခန်းမှ ချောင်းနှစ်ခွသို့ စစ်ကူလာသော စစ်ကောင်စီ၏ တပ်မ ၂၂ ၊ တပ်မ ၄၄ ၊ အမှတ် ၄ တန်းမြှင့်လေ့ကျင့်ရေးသင်တန်းသားများ၊ နယ််ခြားစောင့်တပ်ဖွဲ့(BGF) ပူးပေါင်းစစ်ကြောင်း ကို နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့ နှင့် KNLAတပ်ရင်း ၁၆ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံးများသဖြင့် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် စစ်တပ်က ပြန်လည်ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲဖြစ်ချိန်အတွင်း စစ်တပ်ဘက်မှ စစ်သား ၄ ဦး လက်နက်ချ၍ အလင်းဝင်ရောက်လာကြောင်း၊ ထို့ကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်စွာပြုစုစောင့်ရှောက်ထားကြောင်း သိရှိရသည်။

တိုက်ပွဲအပြီးတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး နှင့် BGF နယ်ခြားစောင့်တပ်၊တပ်နယ် ၄ ၏ စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာ အပါအဝင် စစ်သား ၁၁ဦး သေဆုံးပြီး လက်နက်ငယ်မျိုးစုံ‌ ၁၅ လက်သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်တစ်ဦး တိုင်းပြည် နှင့် လူမျိုးအတွက် ကျဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article