30 C
Yangon

ကော့ကရိတ်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကော့ကရိတ်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ လှိုင်ဝ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အ‌မြောက်တပ် အမတ−၃၁၂ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် အံဖလေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် ရေချမ်းစင်တို့ ထိမှန်ပျက်စီးခဲ့ပြီး ဘုန်းကြီး ၂ ပါးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက် ဒဏ်ရာရရှိသော ဘုန်းကြီး ၂ ပါးမှာ အံဖလေး ကျေးရွာနေ သက်တော် ၁၆ နှစ်ရှိ ရှင်ဣန္ဒြိယနှင့် သက်တော် ၁၄ နှစ်ရှိ ရှင်ထေရိဒ္ဒ တို့ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အုတ်ဖြတ်ရဲစခန်းမှ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ကြာအင်း ကျေးရွာအတွင်းကို Lot F-57 အမျိုးအစား Rocket ၃ လုံးကို ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်းနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မမယ်ပ နှင့် အသက် ၄၆ နှစ်အရွယ် မညိုစန်းတို့မှာ လက်နက်ကြီး ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article