30 C
Yangon

လောက်ကိုင်မှ ဒုက္ခသည်အယောင်ဆောင်ကာ ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံ လ၀ကဝန်ထမ်းနှင့် မိသားစုဝင်များကို MNDAA က တစ်ည ခေတ္တ ထိန်းသိမ်းပြီး လွတ်ငြိမ်းခွင့်ပေး

Must read

လောက်ကိုင်မှ ဒုက္ခသည်အယောင်ဆောင်ကာ ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံ လ၀ကဝန်ထမ်းနှင့် မိသားစုဝင်များကို MNDAA က တစ်ည ခေတ္တ ထိန်းသိမ်းပြီး လွတ်ငြိမ်းခွင့်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ ဒုက္ခသည်အယောင်ဆောင်ကာ ထွက် ပြေးသည့် စစ်ကောင်စီလက်အောက်ခံ လ၀ကဝန်ထမ်းနှင့် မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ညပိုင်း စစ်ကောင်စီ၏ ချင်းရွှေဟော် လူဝင်မှုုကြီးကြပ်ရေးရုံးမှ တာဝန်ခံတစ်ဦး နှင့်ဒုတာဝန်ခံသုံးဦးတို့သည် မိသားစုဝင်အပါအဝင် စုစုပေါင်း ၇ ဦးနှင့်အတူ ဒုက္ခသည်အဖြစ် ဟန်ဆောင်ပြီး ထွက်ပြေးရန်ကြံရွယ်ခဲ့ကြောင်း၊ သို့သော် ချင်းရွှေဟော်စစ်ဆေးရေးဂိတ်ဖြတ်သန်း စဉ် MNDAA အရာရှိတစ်ဦးက ၎င်းတို့ကိုတွေ့မြင်သိရှိပြီး ချက်ချင်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇စစ်ဆင်ရေး ‌ဖော်ဆောင်ချိန် လဝကရုံးတာဝန်ခံ နှင့် ဒုတာဝန်ခံ တို့သည် မိသားစုဝင်များခေါ်ဆောင်ပြီး တရုတ်ပြည်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ယင်းနောက် ကိုးကန့်ဒေသ ၁၂၅ နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် လောက်ကိုင်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ လဝကရုံးတာဝန်ခံ ၏ဇနီးသည် ချင်းရွှေဟော်တိုက်ပွဲစတင်ဖြစ်ပွား သောနေ့တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

တစ်ညဖမ်းဆီးစစ်ဆေးပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း လ၀က ဝန်ထမ်းများနှင့် မိသားစုမျာကို ချင်းရွှေဟော်စစ်ဆေးရေးဂိတ်မှ တာဝန်ခံက လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ လက်ရှိ လ၀က ဝန်ထမ်းနှင့်မိသားစုများအဖွဲ့တို့သည် ကားမောင်းနှင်းပြီး လားရှိုးဘက်သို့ဆင်းသွားကြောင်း သိရှိရသည်။

လ၀က ဝန်ထမ်းများနှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်တွင် MNDAA၏ သက်ဆိုင်ရာတာဝန်ရှိသူက လ၀ကဝန်ထမ်းနှင့် မိသားစုများကို “MNDAA၏ နိုင်ငံရေးရည်မှန်းချက်သည် နိုင်ငံတော်အာဏာကို မတရားလုယူသော စစ်ကောင်စီအာဏာရှင် တပ်ဖွဲ့ကို တိုက်ဖျက်ခြင်းဖြစ်ကြောင်း၊ အတင်းအကျပ်ခိုင်းစေသူများကို အ‌ရေးမယူကြောင်း၊ သို့သော် နောက်နောင် စစ်ကောင်စီတပ်ဖွဲ့ထံဆက်လက်၍ ဝာာဝန်မထမ်းဆောင်ရန် ၊ MNDAAနှင့် တိုင်းရင်းသားတို့၏ အကျိုးများထိခိုက်စေနိုင်သောအလုပ်မလုပ်ရန်၊ တွေ့ရှိပါကပြင်းထန်စွာအ‌ရေးယူသွားမည်ဟု သတိပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article