Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– လွိုင်ကော်မြို့ကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ကရင်နီတပ်ပေါင်းစု ကနေ ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား အယောက် ၂၀ သေသွားတဲ့အပြင် ၊ ၁ ဦးကို အရှင်ဖမ်းမိထားတယ်လို့ ကရင်နီသတင်းနှင့်ပြန်ကြားရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်က သနန်ကျေးရွာ အကျဉ်းစခန်း နဲ့ စစ်ကောင်စီလက် အောက်ခံ ကသည်းလက်နက်ကိုင်ဌာန စခန်းကို တော်လှန်ရေးတပ်ပေါင်းစုကနေ သိမ်း ပိုက်လိုက်ပြီး ၊ အကျဉ်းစခန်းမှူး တစ်ဦးကို အရှင်ဖမ်းမိတဲ့အပြင် ၊ ကား ၃ စီးတိုက် လက်နက်ခဲယမ်း ပစ္စည်းတွေ သိမ်းဆည်း ရရှိထားတယ်လို့ ကူကီး အမျိုးသားတပ်မတော် KNA-Burma တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့ပေါ်မှာ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေပြီး ၊ စစ်တပ်က တိုက်လေယာဉ်နဲ့ပါ ပစ်ကူနေရသလို၊ နောက်ဆုံး ခံစစ်ပြင် ထားတဲ့ တန့်ဆည်မြို့မရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည် ခုခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။